သွေးလွန်တုပ်ကွေးအန္တရာယ် သတိနှင့်ကာကွယ်
****************************************************
ပေါက်ပေါက်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စာရင်းများအရ ၂ဝ၁၆ ခုနှစ် ဇွန် ၇ ရက်အထိ ငါးလကျော်အတွင်း တစ် နိုင်ငံလုံး သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အရေ အတွက် ကိုးရာကျော်ရှိသည့်အနက် ရန်ကုန်တိုင်းတွင် ဖြစ်ပွားသူ ၃၁၈ ဦးရှိပြီး သေးဆုံးသူလေးဦးအထိရှိခဲ့၍ တခြားတိုင်းဒေသကြီး နှင့် ပြည်နယ်များထက် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုဟာ ရန်ကုန် တိုင်းတွင်အများဆုံးဖြစ်နေကြောင်း၊ ရန်ကုန်တိုင်းအတွင်းရှိ တောင် ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာနှင့်သာကေတမြို့နယ်များတွင် ပိုမို ဖြစ်ပွား၍ သေဆုံးသူအများစုဟာ အသက်တစ်နှစ်အောက်ကလေး ငယ်များနှင့် ၁ဝ နှစ်အောက်ကလေးများဖြစ်ကြောင်း သတင်းထုတ် ပြန်ထားပါတယ်။ ပြီးခဲ့သော ၂ဝ၁၅ ခုနှစ်က တစ်နိုင်ငံလုံးတွင် သွေး လွန်တုပ်ကွေးဖြစ်ပွားမှု လေးသောင်းကျော်ရှိခဲ့ပြီး ၂၂ ဦး သေဆုံး ခဲ့ကြောင်း သိရသည်။
သွေးလွန်တုပ်ကွေးဆိုတာ...
သွေးလွန်တုပ်ကွေးရောဂါရဲ့ အဓိကတရားခံဟာ ခြင်ကျားများ ဖြစ်ပါတယ်။ ရေအိုင်များ၊ အိုးခြမ်းပဲ့များ၊ ဘက်ထရီအိုးဟောင်းတွေ မှာ မိုးရွာပြီးနောက် မိုးရေတင်ကျန်ခဲ့ပြီး နေထွက်လာတဲ့အခါ ပိုး လောက်လမ်းတွေပေါက်လာကာ ¤င်းမှတစ်ဆင့် ခြင်ကျား(ခေါ်) ခြင်ပုန်းတွေဖြစ်လာပါတော့တယ်။ အဲဒီခြင်ပုန်းတွေက ပေါက်ပွားမှု မြန်ဆန်ပြီး မိုးဦးစကျောင်းဖွင့်ချိန် လူဦးရေထူထပ်သော မူကြိုကျောင်း၊ စာသင်ကျောင်းများ၊ တရားစခန်းများမှာ သွေးစုပ်ရန်ကျက်စားလာ ကြပါတယ်။ ခြင်ဆိုးများဟာ လူတစ်ဦးဆီမှနောက်တစ်ဦးဆီသို့ မတူ ညီသောသွေးများကို သယ်ဆောင်သွေးစုပ်ခံခြင်းဖြင့် သွေးလွန်တုပ် ကွေးအစ ဖြစ်ပေါ်လာရပါတယ်။ ရှေးကာလများမှာ အသက်သုံးနှစ် နှင့် ၁၅ နှစ်အရွယ်ကလေးတွေမှာ အဖြစ်များကြပြီး ခုနောက်မှာ တော့ တစ်နှစ်အောက်ကလေးများသာမက အသက် ၁၅ နှစ်အ ထက် ၂၅၊ ၃ဝ နှစ်အရွယ်တွေလည်း ဖြစ်လာကြပါတယ်။ ယခုလို မိုးဦးကာလ ဇွန်မှစ၍ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာမှာ အဖြစ်များ ဆုံးမို့ သတိနှင့် ကြိုတင်ကာကွယ်တတ်ဖို့ အရေးကြီးပါတယ်။
သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများ
ရောဂါလက္ခဏာများမှာ အပူချိန် ၁ဝဝ နှင့်အထက် အဖျား ကြီးခြင်း၊ ကိုယ်အပူချိန် ၁ဝ၅ ဒီဂရီဖာရင်ဟိုက်လောက်အထိ ရုတ် တရက် ဆောင့်တက်လာခြင်း၊ ခေါင်းအရမ်းကိုက်ခဲခြင်း၊ နားထင်နာ ကျင်ကိုက်ခဲခြင်း၊ အရိုး၊ြ<ွကက်သား၊ အရိုးအဆစ်စသည့်ကိုယ်လက် ကိုက်ခဲခြင်း၊ ဗိုက်နာဗိုက်အောင့်ပြီး ဗိုက်ကိုအထိမခံနိုင်ခြင်း၊ ခိုက် ခိုက်တုန် ခြေဖျားလက်ဖျားအေးစက်ခြင်း၊ အရေပြားပေါ် အနီရောင် အစင်းကြောင်းများပေါ်လာခြင်း၊ မျက်နှာနီအမ်းခြင်း၊ ပင်ပန်းနွမ်း နယ်ကာ အချိန်ပြည့်မှိန်းနေတတ်ပြီး အစာစားချင်စိတ်မရှိခြင်း၊ အ စားအသောက်အရည်ဝင်တာနဲ့တစ်ပြိုင်နက် အန်ထွက်ခြင်း၊ လည် ချောင်းနာခြင်း၊ လက်မောင်းမှာ သွေးပေါင်ချိန်တိုင်းကိရိယာနဲ့တိုင်း ကြည့်ရင် Hess Test Positive ဖြစ်နေခြင်း စသည်တို့ဖြစ်ပါတယ်။ (တချို့သူများမှာ ချောင်းဆိုးနှာစေး ဝမ်းပျက်ဝမ်းလျှောဖြစ်တတ်ပါ တယ်)
သွေးလန့်ခြင်းရောဂါလက္ခဏာများ
အထက်ပါလက္ခဏာများဟာ သာမန်သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပြီး ဆေးဝါးကုသမှုခံယူပါက ပျမ်းမျှရက်သတ္တတစ်ပတ်အတွင်း နေကောင်းသွားမှာပါ။ သို့သော် အဖျားပျောက်သော်လည်း တော် တော်နဲ့မလန်းဆန်းဘဲ လေးလံထိုင်းမှိုင်းပြီးမှိန်းနေခြင်း၊ ကယောင် ကတမ်းဖြစ်ခြင်း၊ ခြေလက်များအေးစက်ခြင်း စသည်တို့ဟာ သွေး လန့်ခြင်းလက္ခဏာများပါပဲ။ အထူးသဖြင့် ကလေးတွေမှာ သွေးလန့် လေ့ရှိပါတယ်။ သွေးလန့်တယ်ဆိုတာ ခန္ဓာကိုယ်အနှံ့အပြားကို သွေး သွားလာမှုလျော့သွားတာပါ။ သွေးရည်ကြည်များ ပြင်ပကိုခဏထွက် သွားတယ်လို့ ဆေးပညာမှာပြောလေ့ရှိပြီး အသက်အန္တရာယ်စိုးရိမ် ရလို့ ''အဖျားကျစဉ် မလန်းလျှင် အစဉ်သတိချပ်''လို့ ပြောစမှတ်ပြု ကြရပါတယ်။ သွေးလန့်တဲ့တခြားလက္ခဏာများကတော့ မတ်တတ် ရပ်စဉ် မူးယိုင်ခြင်း၊ မကြာခဏ အဖျားတက်လိုက်ကျလိုက်ဖြစ်ခြင်း၊ မောပန်းခြင်း၊ သွေးခုန်နှုန်း သိသိသာသာကျဆင်းသွားခြင်း၊ အာခံ တွင်းခြောက်သွေ့ခြင်း၊ အသက်ရှူနှုန်းမြန်ဆန်လာခြင်း၊ အသည်း ရောင်ကိုင်းခြင်း၊ ကော်ဖီရောင်အန်ခြင်း၊ သွားဖုံးသွေးထွက်ခြင်း၊ နှာ ခေါင်းသွေးလျှံခြင်း၊ သွေးဖြူဥနည်းသွားခြင်း၊ ဆီးနည်းလာပြီး ဆီး ထဲသွေးပါခြင်းတို့ဖြစ်ပါတယ်။
ထိုအခြေအနေမှာ ဆရာဝန်ရဲ့လက်ဦးမှုကိုအရယူနိုင်ဖို့ လွန် စွာအရေးကြီးပါတယ်။ လူနာ၏ရောဂါအခြေအနေနဲ့ ကိုယ်ခံစွမ်းပေါ် မူတည်ပြီး ဆရာဝန်က လိုအပ်သလို တစ်နာရီခြားတစ်ခါ စောင့် ကြည့်ကာ ရိုးရိုးဆားရည်သွင်းခြင်း (သို့မဟုတ်) သွေးရည်ကြည်သွင်း ခြင်း (သို့မဟုတ်) ကော်ရည်သွင်းခြင်း၊ သွေးခုန်နှုန်းပမာဏ၊ ဆီးပမာ ဏ၊ သွေးပျစ်ကျဲနှုန်း စသည်တို့ဖြင့် ထိထိရောက်ရောက်ကုသမှုခံယူ ရမှာပါ။
သွေးလွန်တုပ်ကွေးအတွက် အိမ်တွင်းကုထုံး
(၁) တမာပင်အရွက်နှင့် တမာပင်အဆီတို့ဟာ သွေးသန့်စေ လို့ တမာပြုတ်ရည်ဖြင့် ရေပတ်တိုက်ပါ (သို့မဟုတ်) တမာဆီလူး ပေးပါ။
(၂) ခန္ဓာကိုယ်တွင်း ရေဓာတ်ဆုံးရှုံးမှုကိုပြန်လည်အစားထိုး ရန်နှင့် အပူရှိန်လျှော့ချနိုင်ရန်အတွက် ရေများများသောက်ပါ။
(၃) အဖျားလုံးဝကျတဲ့အထိ အဖတ်လုံးဝမစားဘဲ အရည်စစ် သောက်ပါ။
(၄) နံနံပင်အရွက်များက အဖျားကျစေရုံသာမက သွေးလွန် တုပ်ကွေးကြောင့် ကုန်ဆုံးသွားသောအားများကို ပြန်လည်ဖြည့်တင်း ပေးပါတယ်။
(၅) ပင်စိမ်းရွက်ကလည်း သွေးလွန်တုပ်ကွေးဖျားနာခြင်းအ တွက် အကောင်းဆုံးဆေးတစ်ခွက်ဖြစ်လို့ ပင်စိမ်းရွက် ၁၅ ရွက်ခန့် ဝါးစားပါ (သို့မဟုတ်) ပင်စိမ်းရွက်အစိုကို ရေနွေးကြမ်းခပ်သောက်ပါ။
(၆) သင်္ဘောသီးနှင့်သင်္ဘောစေ့တို့ကို တုပ်ကွေးဖျားနာခြင်း အတွက် သဘာဝဓာတ်ဆာအဖြစ် ယုံကြည်စိတ်ချစွာစားပါ။ သင်္ဘော ရွက်ထဲတွင်ပါရှိသော အင်ဇိုင်းဓာတ်များက ကိုယ်အပူချိန်ကျစေ ရုံမျှမက သွေးလွန်တုပ်ကွေးကြောင့် အစာမကျေဗိုက်နာခြင်းအတွက် အားကိုးဆေးတစ်ခွက်ပါ။
(၇) မဲဇလီပင်အမြစ်က တုပ်ကွေးအဖျားကျစေသလို၊ ချက် ချင်း အားပြည့်လာစေပါတယ်။
(၈) ပဲနံ့သာပင်ရွက်ကို လက်ဖက်ရည်ကြမ်းခပ်သောက်ခြင်း က အဖျားကျစေသလို ခန္ဓာကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်ကို ကောင်းစွာ လည်ပတ်စေပါတယ်။
(၉) တလည်းသီးနှင့်အနက်ရောင်စပျစ်သီးတို့က သွေးဆဲများ ကို တိုးပွားလာစေပါတယ်။ (၁ဝ) လိမ္မော်ရည်က အစာချေအားကောင်း ခြင်း၊ ဆီးသွားခြင်း၊ လန်းဆန်းစေခြင်းတို့ကို ပေးစွမ်းနိုင်ပါတယ်။
(၁၁) ကြက်သွန်နီကို ထက်ခြမ်းခြမ်း၍ ဖန်ပုလင်းထဲထည့်ကာ ရှာလကာရည်မြုပ်အောင် တစ်ညသိပ်စိမ်၍ အဖုံးလုံအောင်ဖုံးပါ။ ထမင်းစားသည့်အခါတိုင်း ထည့်စားပေးခြင်းဖြင့် သွေးလွန်တုပ်ကွေး မဖြစ်အောင် ကြိုတင်ကာကွယ်ရာ ရောက်ပါတယ်။
ကြိုတင်ကာကွယ်နည်း
ရောဂါဖြစ်လာမှကုသခြင်းထက် မဖြစ်အောင် ကြိုတင်ကာကွယ် ထားတတ်ဖို့ လိုပါတယ်။ ဒါကြောင့်လည်း ''ကာကွယ်ခြင်းက ကုသ ခြင်းထက် ပိုမိုထိရောက်တယ်။ Precaution is better than Cure' လို့ဆိုပါတယ်။ အရေးကြီးဆုံးကတော့ ခြင်ကိုက်မခံရစေဖို့ပါပဲ။ အင်္ကျီ လက်ရှည်၊ ပုဆိုးရှည်ရှည်ဝတ်ဆင်ခြင်း၊ ခြင်ထောင်ဖြင့်အိပ်စက်ခြင်း၊ ရေစီးရေလာကောင်းပြီး ခြင်မပေါက်ပွားစေရန် ရေဆိုးမြောင်းများ ရှင်းလင်းခြင်း၊ လေဝင်လေထွက်ကောင်းပြီး ခြင်မခိုအောင်းနိုင်အောင် အိမ်တွင်းအိမ်ပြင်သန့်ရှင်းရေးပြုလုပ်ခြင်း၊ ခြံတွင်းခြံပြင် ချုံနွယ်ပိတ် ပေါင်းများရှင်းလင်းခြင်း၊ ကိုယ်ထူကိုယ်ထ ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ် ခြင်း၊ ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်း စသည်တို့ကို မိမိအသိစိတ် ဓာတ်ဖြင့် အိမ်ထောင်စုအသီးသီးတိုင်း တာဝန်ယူကြမယ်ဆိုရင် သန့် ရှင်းကျန်းမာသော စံပြရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်မှသည် တစ်ပြည် လုံးအတိုင်းအတာအထိ သွေးလွန်တုပ်ကွေးရောဂါ ကျဆင်းလာမည် ဟု သုံးသပ်မိပါကြောင်း။
(Yangon Times Journal, 12-23)
No comments:
Post a Comment