Saturday, July 2, 2016

ဝါးစိုက်​ပျိုးနည်း

စနစ်တကျ ဝါး စိုက်ပျိုးခြင်း

ဝါးပင်များကို ကြံပင်များစိုက်ပျိုးသကဲ့သို့ အတန်းလိုက် စီးပွားဖြစ် စိုက်ပျိုးနှိုင်၏။ဝါးအမျိုးအစားကိုလိုက်၍စိုက်တန်းအကွာအဝေးကိုသတ်မှတ်ပေးရပါမည်။
ဝါးရုံမှ မနုလွန်းမရင့်လွန်းသောဝါးများကိုရွေးချယ် ခုတ်ယူရပါမည်၊
ဝါးမျက်ခုံးလေးများကိုဘေးတစ်ဘက်တစ်ချက်တွင်ရှိစေရန်ဂရုပြုပြီးချပါ၊အပေါ်ဘက်မှ တစ်ဆစ်လျှင်တစ်ပေါက်နှုန်း အဆစ်၂ဆစ်ကြားနေရာများမှ လွန်/ဒါးပြတ်ပြတ်ဖြင့်ဖောက်ပါ၊
အပေါက်များအတွင်းရေအပြည့်ဖြည့်ပါ၊ရွှံ့သို့မဟုတ် အခြားသင့်တော်ရာဖြင့်အပေါက်များကိုပြန်ပိတ်ပေးပါ၊စိုက်မြောင်းများတွင်ချသောအခါအပေါက်များဖောက်ထားသောဘက်ကိုအပေါ်မှထား၍ချပါ၊ပြီးလျှင်မြေပြန်ဖုံးပေးထားပါ၊စိုက်မြောင်းအလွန်နက်ရန်မလိုပါ၊ဝါးမြုတ်ပြီးအပေါ်တွင်မြေသား၆လက္မခန့်တင်ထားနှိုင်လျှင်ရပါသည်၊ဝါးကြီးမျိုးများဖြစ်လျှင် ဝါးပေါ်၌မြေသား၁၀လက္မခန့်ရှိသင့်ပါသည်၊တစ်လအကြာတွင်ဝါးပင်ပေါက်ကလေးများ ကြံပင်များကဲ့သို့ အတန်းလိုက် အတန်းလိုက်ပေါက်လာပေမည်၊
ပေါင်းပင်များရှင်းလင်းပေးရမည်၊
အသုံးပြုနှိုင်သောဝါးအဆင့်ရရန်၃နှစ်ကြာပါမည်၊
နွေရာသီ မီးတားလမ်းများပြုလုပ်ပေးရမည်၊မီးအန္တရာယ်ကာကွယ်ရေးအစီအစဉ်များထားရှိရပေမည်။
တစ်နှစ်ပါတ်လုံးစိုက်နှိုင်ပါသည်၊
စီးပွားဖြစ်စိုက်ပျိုးလျှင် မိုးဦးကျ၌စိုက်ပျိုးသင့်ပေသည်။

No comments:

Post a Comment