Tuesday, July 5, 2016

ကြံပင်​နှင့်​သကြား

★ Sugar make in the field★

ကြံခင်းတွေထဲမှ ကြံပင်တွင်ပါဝင်သော

သကြား(sucrose)ကိုရရှိဖို့အခြားမလို

လားအပ်သော ဓာတ်ပစ္စည်းများနဲ့

Impuritiesတို့အားသကြားစက်ပစ္စည်း

ကိရိယာများနှင့် သကြားထုတ်လုပ်မှုနည်း

ပညာများအရ ဖယ်ရှားသန့်စင်ခြင်းဖြင့်

သကြားပုံဆောင်ခဲ ( crystal) အဖြစ်ဖန်

တီးထုတ်လုပ်ပေးနိုင်ခြင်းဖြစ်၍

Sugar make in the field ဆိုသော

ဆိုရိုးလေးဖြစ်ပေါ်လာသည်ဟု သိရပါသည်။

❆ ကြံပင်၏  ရင့်မှည့်ခြင်း❆ 

ကြံပင်များ ရင့်မှည့်ခြင်းမှာ သက်တမ်းနင့်

တိုက်ရိုက် သက်ဆိုင်ခြင်းမရှိပါ။ကြံပင်၏

ပင်စည်ထဲတွင် ကြံသကြားsucrose

ဆေးသကြားglucose နှင့်အလွန်ချိုသော
ပျားရည်သကြား fructose တို့သည်

ဓာတ်ပြုပေါင်းစပ်မှုဖြစ်ပေါ်နေပါသည်။

ထိုသို့ဓာတ်ပြုပေါင်းစပ်နေမှုဖြစ်စဉ်မှာ

ရာသီဥတု အေးမြခြောက်သွေ့ပါက ပိုမိုလျှင်

မြန်စွာဖြစ်ပေါ်စေပါသည်။ထို့ကြောင့်လည်း

ကမ္ဘာပေါ်တွင်ကြံကို အေး၍ခြောက်သွေ့

သောရာသီဥ ရရှိသောအချိန်တွင် ခုတ်သိမ်း

နိုင်ရန် ချင့်ချိန်၍ စိုက်ပျိုးကြပေသည်။ကြံပင်

၏ ပင်စည်အရင်းပိုင်းမှ အဖျားပိုင်းးအထိ

အချိုဓာတ်စုစည်းပြည့်ဝလာခြင်းကို ရင့်မှည့်

့ခြင်းဟုခေါ်သည်။မြန်မာစာဆိုတစ်ခုရှိ၏

★  နတ်တော် ပြာဆို ကြံဖျားချို★  တဲ့။

ကြံတစ်ပင်၏ရင့်မှည့်ခြင်းကိုတိုင်းထွာရန်

ကြံ၏ ပင်စည် အရင်းပိုင်း နှင့် အဖျားပိုင်း

တို့၏ Mature degree (Brix)ကို

Portable Refractometerဖြင့်တိုင်း

တာ၍အောက်ပါအတိုင်းတွက်ချက်စစ်

ဆေးနိုင်ပါသည်။

Mature degree (Brix)=(Juice brix of upper part / juice brix of lower part )100

Brix 80%နှင့်အထက်ရှိသောကြံပင်ကို

စည်းပွားဖြစ် သကြားထုတ်လုပ်နိုင်သော

ရင့်မှည့်ကြံအဖြစ်သတ်မှတ်နိုင်ပေသည်။

ကြံအရင့်မှည့်ဆုံးကာလ

(Brix 95 % to100%)အတွင်း ခုတ်

သိမ်း သကြားထုတ်လုပ်ခြင်းမပြုလုပ်နိုင်

ပါက အချိန်ကြာလာသည်နှင့်အမျှ ကြံပင်

ထောင်၏ အလေးချိန်လျော့နည်းလာ

ပေမည်။

ကြံပင်၏ ပင်စည်အတွင်းဓာတ်ပြုဖြစ်စဉ်

သည် သက်တမ်း ရာသီဥတု စိုက်ပျိုးနည်း

စနစ် တို့အပေါ်တွင်မူတည်၍ ကြံပင်၏

အလေးချိန်သည် ပြောင်းလွဲလာတတ်ပေ

သည်။မြန်မာပြည်တွင် အောက်တိုဘာလ

ကုန်မှ ဧပြီလ အတွင်း ကြံကိုခုတ်သိမ်းသင့်

ပေသည်။နယ်မြေအများစုမှာ

အောက်တိုဘာလသည် ကြံပင်၏ ကြီးထွားမှု

ဖြစ်စဉ် အမြင့်ဆုံးဖြစ်ပေသည်။(ရင့်မှည့်မှုအမြင့်ဆုံးဟု မဆိုလိုပါ)

(သို့သော် အစိုဓာတ်၊မြေဩဇာဓာတ်၊ပူနွေး

စွတ်စိုမှု တို့ ဆက်လက်ရရှိနေမည်ဆိုပါက

ဖေဖေါ်ဝါရီလဆန်းလောက်အထိ ကြံ၏

အလေးချိန်ဆက်တိုးနေနိုင်ပါသေးသည်။)

မြေအစိုဓာတ်နှင့် မြေဩဇာဓာတ်လျော့နည်း

လာသည်နှင့်အမျှ ကြံပင်၏ အလေးချိန်

သည် လျော့နည်းလာပါမည်။ခြောက်သွေ့မှု

အခြေအနေ အရ တချို့ကြံခင်းများတွင်

တစ်ဧကလျှင် .0.73 တန်မှ 4.3 တန်နှုန်း

ခန့် အလေးချိန်လျော့နည်းကျဆင်း

လာတတ်ပါသည်။

ကြံပင်၏သက်တမ်းအလိုက် သက်လျင်

သက်လတ် သက်ကြီး ဟူ၍ ၃ မျိုး

ခွဲခြားတတ်ပေသည်။ကြံအမျိုးအစားများနှင့်

သက်တမ်းများအားအခွင့်သင့်လျင်လေ့လာ

ရေးမိပါလိမ့်မည်။ တစ်ခု သတိထားမိသည်

မှာကြံခင်းများတွင် ရေအလွယ်ရပါက

ကြံခုတ်သိမ်းမှုမပြုမှီ ၁၅ ရက်ခန့်ကြို၍

ရေသွင်းခဲ့လျှင် ကြံအထွက်တန်

သိသိသာသာ တိုးလာနိုင်သည်ကို တွေ့ရှိရ

ပေမည်။

စာဖတ်ရင်းသိ။အတွေ့ကြုံနဲ့ယှဉ်။

ကိုယ့်အမြင်ဟူသမျှ

ထပ်ဆင့်မျှဝေ အကြံပြုခဲ့ကြပါရန်။

Sugar page မှတဆင့်​မျှ​ဝေခြင်းပါ

No comments:

Post a Comment