Tuesday, July 5, 2016

ကြံ

#ကြံစိုက်ပျိုးရန် မြေနှင့် လိုအပ်သည့်အာဟာရများ

တောင်သူ လယ်သမား မိဘကြီးများ အပေါင်း ကိုယ်ရော စိတ်ပါ ကျန်းမာချမ်းသာ ကြပါ စေကြောင်း ဆုမွန်ကောင်း တောင်းရင်း
မေတ္တာ ပို့သအပ် ပါသည်ခင်ဗျား။
ဒီ တစ်ပတ်တော့ ပဲခူးတိုင်း ဒေသကြီး အရှေ့ပိုင်း ရေတာရှည်မြို့နယ်က လယ်သ မားကြီးတစ်ဦးက ဖုန်းနဲ့ဆက်ပြီး စက်မှုကုန်ကြမ်း
သီးနှံကြံစိုက်ရမယ့် မြေအမျိုးအစားနဲ့ လိုအပ်တဲ့ အာဟာရတွေအကြောင်း အကြံ ပြုချက်တောင်းခံပါတယ်။  ကြံသီးနှံဟာ ပင်စည်
ကိုအသုံးချဖို့အ တွက် စိုက်ပျိုးရတဲ့ သီးနှံ ဖြစ်ပါတယ်။ ဒါ့ ကြောင့် ကြံအထွက် ကောင်းဖို့ဆိုလျင် ပင်စည်တုတ်ရမယ်။ ဆစ်ကြားရှည်
ရမယ်။ အပင် ရပ်မြင့်ရမယ်။ အရည်ရွှန်းပြီး သကြား ဓာတ်ပါဝင်မှု များရမယ်။ ကြံပင်ဒီအလို အရည်အချင်းတွေရဖို့ဆိုဇရဂင် ကြံစိုက်
တဲ့မြေဟာ ရေစီးရေလာကောင်းမွန်ပြီး မြေသား တည်ဆောက်မှုကောင်းတဲ့မြေ၊ အာဟာရ ပြည့်ဝတဲ့မြေဖြစ်ဖို့ လိုပါတယ်။ ဒါမှလည်း
ကြံပင်အမြစ်တွေဟာ ဖွံ့ဖြိုးပြီး အပင်ဟာလည်း ကြီးထွားဖွံ့ဖြိုးမှာဖြစ်ပါတယ်။

သမမြေ၊ မြေစေးများများမှာ မြေသားထုထူရင် ကြံပိုပြီး ဖြစ်ထွန်းပါတယ်။ မြေအောက် အစိုဓာတ် တစ်ပေ၊ တစ်ပေခွဲအနက်မှာရှိရင်
ပိုကြိုက်ပါတယ်။ ကြံဟာရေ၀ပ်တာကို မခံနိုင်ပါဘူး။ ရေ၀ပ်ခံရမှုကြာပါက မှိုရောဂါ၊ ဘက်တီး ရီးယားရောဂါများ ကျရောက်စေပါ
တယ်။ သဲမြေ၊ သဲသမမြေတွေမှာ အစိုဓာတ်ခမ်း ခြောက်တတ်သဖြင့် ဓာတ်မြေသြဇာကျွေး သလောက်မစားနိုင်ဘဲ ဆုံးရှုံးမှုများဖြစ်
စေပါတယ်။ နီမတုတ်ရောဂါ ပေါက်ပွားမှုဖြစ် စေပြီး ရောဂါကျမှုလည်း ဖြစ်စေပါတယ်။ နုံးမြေစေး၊ မြေစေးတွေဟာ ရေထိန်းအား
ကြာကြာစုပ်ယူထိန်းထားနိုင်သဖြင့် မြေ တွင် လေ၀င်လေထွက်ညံ့စေပါတယ်။ မြေကလည်း အစိုဓာတ်ပြတ်တာနဲ့ မာကြော ကြော
ဖြစ်ပြီး တင်းသွားစေပါတယ်။

အမြစ် ဖွံ့ဖြိုးမှုညံ့စေပြီး အစာစုပ်ယူမှုလည်း နှေး ကွေးစေပါတယ်။ ကြံဟာမြေချဉ်ငန်ကိန်း ၅.၅ မှ ၇.၅ မှာ အောင်မြင်ဖြစ်ထွန်းမှု
ကောင်း ပါတယ်။  ကြံပင်ဟာ လိုအပ်တဲ့အာဟာရဓာတ် တွေကို လုံလောက်အောင်ကျွေးမှသာ ကြံပင်ကြီးထွားဖွံ့ဖြိုးမှုကောင်းပြီး ကြံ
အထွက် လည်း ကောင်းမှာဖြစ်ပါတယ်။ ကြံပင်မှာ မဂ္ဂနီးစ်ဓာတ်ချို့တဲ့ရင်အရွက်တွေဟာ စိမ်းဝါဖျော့ရောင်ဖြစ်ပြီး အဖြူရောင်ရွယ်တူ
အစင်းကြောင်းများ ရွက်ကြောကြားမှာဖြစ်ပေါ်ပါတယ်။ မဂ္ဂနီးစ် သိသိသာသာ လျော့ နည်းပါက အရွက်ပေါ်မှာ နီညိုရောင် အကွက်
များဖြစ်လာပြီး နောက်ဆုံးတွင် အရွက်များ အလျားလိုက် ကွက်ထွက်သွားပါတယ်။  ကြံပင်မှာ မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့ပါ က အရွက်
ငယ်တွေအပေါ်မှာ အစိမ်းဖျော့ ရောင်ဖြစ်ပေါ်ပြီး အရွက်ဟောင်းတွေမှာ အရောင်မညီတဲ့အကွက်ငယ် များဖြစ်ပေါ် ပါတယ်။

ကြံပင်မှာ ကော့ပါး ဓာတ်ချို့ တဲ့ပါက ကြံရွက်ထိပ်ဖျားမှာ လွန်းပုံသဏ္ဍာန် တွန့်လိပ်ပြီး အရွက်အောက်သို့ စိုက်ကြနေတတ်ပါတယ်။
ကြီးထွားမှုနှေးကွေးကာ အရောင်မညီကွက်များ ဖြစ်ပေါ်စေပါတယ်။ သံဓာတ် ချို့တဲ့လွန်းပါက ကြံရွက်တစ်ရွက်လုံးအဖြူရောင်ဖြစ်
ပေါ်စေပါတယ်။ ဘိုရွန်ဓာတ်ချို့ တဲ့ပါက အရွက်ငယ်သေးရှည်ပြီး အစာရေ ကြောစည်းနှင့်အပြိုင် ရေခိုနာကွက်များဖြစ် လာပါတယ်။
ကြံပင်တွင် ဖော့စ်ဖိတ်ဓာတ်ချို့တဲ့ပါက အမြစ်များပုပ်စေခြင်း၊ ကြံရွက်များအ၀ါ ရောင်သို့ပြောင်း လာခြင်း၊ ရွက်ထိပ်နှင့် ရွက်နား
တစ်လျှောက် ခြောက်သွေ့စေပါတယ်။ ပိုတက်(ရှ်)ဓာတ်ချို့တဲ့ပါက အရွက်ထိပ် ဖျားနဲ့ ရွက်နားများခြောက်နေ၍ အရွက် မျက်နှာပြင်
အလယ်ကြောအနီရောင်သန်းနေစေပါတယ်။

နိုက်ထရိုဂျင်ဓာတ်ချို့တဲ့ပါက အအပင်ကြီးထွားနှုန်းရပ်တန့်စေပြီး အပင်ကြုံလှီနေပါတယ်။  ကြံပင်တွင် ကယ်လ်စီယမ်ဓာတ်ချို့တဲ့
ပါက အရောင်မညီအစက်အပျောက်ငယ် များ အရွက်ပေါ်မှာ စတင်ဖြစ်လာပါတယ်။ တဖြည်းဖြည်း အစက်အပျောက်များ အရွယ်
ကြီးလာပါက နီညိုရင့်ရောင်၊ သံချေးရောင် ထိပြောင်းလာပြီး ကြံရွက်များအဝေးမှကြည့်လျှင် သံချေးရောင်ထနေပါတယ်။ ကြံပင်
တွင် သွပ်ဓာတ်ချို့တဲ့ပါက အရွက် အလယ်ကြောတစ်လျှောက် စိမ်းဖျော့ဖျော့ ရောင်ဖြစ်ပေါ် လာပြီး ဆိုးရွားလာပါက ရွက်ကြော
များ စိမ်းဖျော့ ရောင်ပိုကြီးလာ စေပါတယ်။ ကြံ  ရွက်တွင် အကွက်များသည် အရွက်ထိပ်  ဖျားမှ အောက်သို့ ကျယ်ပြန့်စွာဖြစ်ပေါ်စေ
ပါတယ်။ ကြံသီးနှံတစ်ဟက်တာမှာ ၈၀ တန်ထွက်စေရန်အတွက် နိုက်ထရိုဂျင် ၈၅ ကီလို၊ ဖော့စဖရပ် ၆၀ ကီလို၊ ပိုတက်စီယမ် ၁၈၀
ကီလို အသုံးပြုရန်လိုအပ်ပါတယ်။

တောင်သူလယ်သမားဦးကြီးများအ ပေါင်း သီးနှံတွေအထွက်တိုးလို့ လူမှုစီးပွား ဘ၀ဖွံ့ဖြိုးတိုးတက်ကြပါစေလို့ ဆုမွန် ကောင်း
တောင်းလျက် . . .

- အောင်ဆန်း (စိုက်ပျိုးရေး)

မြန်မာတောင်သူကြီးများ ဂျာနယ်

အတွဲ (၁၂) အမှတ်(၁၇၀)၊ အောက်တိုဘာ ၁၉ – ၂၅၊ ၂၀၁၅ ခုနှစ်

No comments:

Post a Comment