Sunday, July 31, 2016

စပ်​မျိုးနဲ့ဗီဇပြုပြင်​ထား​သောမျိုး

စပ်မျိုး (Hybrid Seeds)၊ ဗီဇပြုပြင် ထားသော မျိုး (GMO Seeds)၊ ဘိုးစဉ်ဘောင်ဆက် စိုက်ခဲ့တဲ့ ဒေသမျိုး (Heirloom Seeds) စသည်ဖြင့် ခေါင်းစဉ်တွေက စိုက်ပျိုးသူတွေကို ရှုပ်ထွေးစေပါတယ်။ အချို့သူတွေက ကောင်းကောင်း နားမလည်ဘဲ ဒီလိုဆိုထားကြ ပါသေးတယ်။ “ ဗီဇပြုပြင်ထားတဲ့ မျိုးစေ့ (GMO Seeds) တွေ စိတ်ချ ယုံကြည်ရပါတယ်။ လယ်သများတွေ ဥယျာဉ်သမားတွေက နှစ်ထောင်ပေါင်း များစွာ တိုင်အောင် GMO လိုမျိုး ပင်ခြား ဝတ်မှုန် ကူးပြီး မျိုးစပ် စိုက်ပျိုး လာနေကြပါတယ်။ အပင်ပန်း ခံမနေကြ ပါနဲ့တော့”။ ဒါလုံးဝကို လွဲသွားပြီဗျ။ လယ်သမားတွေ၊ ဥယျာဉ် စိုက်ပျိုးသူတွေက နှစ်ထောင်ပေါင်းများစွာ တိုင်အောင် ပင်ခြား ဝတ်မှုန် ကူးခဲ့ကြတာ မဟုတ်ပါဘူး။ အခုလိုပြောနေကြတဲ့ သူတွေက စပ်မျိုးနဲ့ ဗီဇပြုပြင်ထားတဲ့ မျိုးစေ့တွေရဲ့ အခြေခံ ခြားနား ချက်တွေကို ကောင်းကောင်း နားလည် မထားလို့ ဒီလိုရေးနေကြတာပါ။

စပ်မျိုးစေ့ဆိုတာ ဘာလဲ
လယ်သမားနဲ့ ဥယျာဉ်ခြံ သမားတွေက အပင်သစ်တွေကို နှစ်ထောင်ပေါင်းများစွာ တိုင်အောင် ရွေးချယ် စိုက်ပျိုးခဲ့ကြတာ ပါ။ သူတို့တွေက ဆက်စပ်ပြီး မျိုးမတူတဲ့ အပင်နှစ်မျိုးကို သားဆက် ၆ ဆက်မှ ၁၀ ဆက်ကြာအောင် ပင်ခြား ဝတ်မှုန်ကူးပြီး အပင်သစ်ကို ရယူခဲ့ကြတာပါ။ (ဥပမာ မျိုးမတူဆိုတာက ဘူး အဝိုင်းသီးနဲ့ အရှည်သီး ဆိုတာမျိုးပါ)။
ဒီဖြစ်စဉ်က စိတ်ရှည်မှုလိုအပ်ပါတယ်။ ဒါပေမယ့်လည်း ပြန်ရချက်က ကောင်းလှပါတယ်။ ဒီလိုနည်းနဲ့ ရွေးချယ်ပြီး ပင်ခြား ဝတ်မှုန်ကူးသွားမယ်ဆိုရင် စိုက်ပျိုးသူတွေက သူတို့မြေ၊ သူတို့ ရာသီဥတု၊ သူတို့ ဒေသရှိ အကျိုးပြု မိတ်ဆွေ ပိုးတွေနဲ့ သဟာဇာတဖြစ်ပြီး ကျန်းမာသန်စွမ်းတဲ့ အပင် မျိုးသစ် တွေကို ဖန်တီးနိုင်ပါတယ်။ ၁၉ ရာစုနှစ် အလယ်ပိုင်းမှာတော့ ဒါဝန် နဲ့ မန်ဒယ် တို့က သားဆက်တစ်ခုတည်းနဲ့ လိုချင်တဲ့ မျိုးသစ်ကို ဖန်တီးနိုင်တဲ့ ထိန်းချုပ် မျိုးစပ်တဲ့ နည်းလမ်း တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဒီနည်းလမ်းကနေ ကျွန်တော်တို့တွေ သိနေတဲ့ ကုမ္ပဏီကြီးတွေက ရောင်းနေတဲ့ F1 Hybrid Seeds ဆိုတာကို ထုတ်နိုင်ပါတယ်။
ဒီစပ်မျိုးစေ့တွေက သူတို့ရဲ့ တွဲဖက်ပင်တွေလိုပဲ သဘာဝဆန်ပါတယ်။ သူတို့တွေက ဆက်စပ်ပြီး မျိုးမတူတဲ့ အပင်တွေကို ပင်ခြားဝတ်မှုန် ကူးထားတာပါပဲ။
စပ်မျိုးစေ့တွေရဲ့ နောက်ဆက်တွဲ အကျိုးများ
အကြီးမားဆုံး ဆိုးကျိုးအနေနဲ့ကတော့ စပ်မျိုးတွေကို စိုက်ရင် ဒုတိယ သားဆက် (မျိုးခံပြီး နောက်နှစ်ထပ်စိုက်ရင်) ပထမစိုက်ခဲ့တုန်းက ရတဲ့ ထွက်နှုန်းကို ပြန်မရနိုင်ပါဘူး။ ဆိုလိုတာက F1( F1 လို့ ရေးထားတဲ့ မျိုးစေ့ထုပ်ထဲက အစေ့) အစေ့ကို စိုက်ပြီး မျိုးခံထား။ ပြီးတော့ နောက်တစ်ကြိမ်ပြန်စိုက် (ဒုတိယမျိုးဆက်) လိုက်ပါက ပထမနှစ်တုန်းက အပင်နဲ့ ပုံစံ၊ အထွက်နှုန်းတွေက တူဖို့ အခွင့်အရေး နည်းပါးသွားပါပြီး။ အငြိမ်းစား ဆရာကြီးတစ်ယောက်ကတော့ အပင်ကို သေချာရွေးချယ်ပြီး မျိုးခံရင်တော့ နောက်နှစ် အထွက် ကောင်းကောင်း ရနိုင်ပါသေးတယ်လို့ ဆိုပါတယ်။
ဒီနည်းက ဗီဇသဘာဝကို မှားယွင်းဖောက်ပြန်ပြီး ဖန်တီးထားတာတော့မဟုတ်ပေမယ့် ကုမ္ပဏီက စိုက်ပျိုးသူတွေကို သူတို့အပေါ် မှီခိုလာဖို့ မျိုးခံမရအောင် ဒီလို ပြုလုပ်ထားတာဖြစ်ပါတယ်။
ဒါက အိမ်တွင်း အသေးစားစိုက်ပျိုးသူတွေအတွက် အနည်းငယ် စိတ်ညစ်စရာလို့ ဆိုရပေမယ့် လယ်သမားတွေကြီးတွေ အတွက်တော့ အကြီးအကျယ် စိတ်ပျက်စရာပါပဲ။
နောက်ဆိုးကျိုးတစ်ခုကတော့ အပင်သစ်မှာ အထွက်တိုးလာဖို့၊ စားပင်တွေအနေနဲ့ အရွယ်ကြီး လှပလာဖို့ ဖန်တီးထားတာဖြစ်တဲ့အတွက် ပုံမှန်ထက် မြေသြဇာ ရေလိုအပ်ချက် များပြားလာပါတယ်။ ဒီတော့ သဘာဝမြေသြဇာ ကို ပြုလုပ်ဖို့ အဆင်မပြေတဲ့သူတွေအတွက် ရွေးချယ်စရာက သဘာဝပတ်ဝန်းကျင်နဲ့ ဇီဝမျိုးကွဲစုံလင်မှုကို ဖျက်ဆီးနေတဲ့ ဓာတ်မြေသြဇာ အသုံးပြုဖို့ပဲ ကျန်ပါတော့တယ်။

ဗီဇပြုပြင်ထားတဲ့ မျိုးစေ့ (GMO) ဆိုတာ ဘာလဲ။
စပ်မျိုးနဲ့ မတူက ဗီဇပြုပြင်ထားတဲ့ မျိုးစေ့က သဘာဝဆန်ဆန် နည်းပညာ လိုအပ်ချက် နည်းနည်းနဲ့ ဖန်တီးထားတာ မဟုတ်ပါဘူး။ ဗီဇပြုပင်ထားတဲ့ မျိုးစေ့ရရှိဖို့ ဓာတ်ခွဲခန်းထဲမှာ နည်းပညာမြင့်မြင့် နဲ့ ဗီဇတွေကို ဖြတ်တောက်နေရာ ချထားခြင်း စတဲ့ ရှုပ်ထွေး ဆန်းပြားလှတဲ့ နည်းလမ်းတွေကို အသုံးပြုရပါတယ်။
ဒါ့အပြင် GMO မျိုးစေ့တွေက ဆက်စပ်ပြီး မျိုးမတူတဲ့ အပင်တွေကို ပင်ခြားဝတ်မှုန် ကူးတာနည်းပါးလှပါတယ်။ ပင်ခြားဝတ်မှုန်ကူးတာက သဘာဝနိယာမရဲ့ အောက်မှဘဲ ရှိနေတဲ့အတွက် သူတို့အတွက် သိပ်အလုပ်မဖြစ်လှပါဘူး။ ဒါကြောင့် သူတို့တွေက ဆက်စပ်ပြီး မျိုးမတူတဲ့ အပင်တွေကို မျိုးစပ်မယ့်အစား ဇီဝသဘောတရားမတူလှတဲ့ အုပ်စုတွေကို ပေါင်းစပ်ပါတော့တယ်။ ဥပမာ ဘက်တီးရီးယား တစ်မျိုးနဲ့ အပင်တစ်မျိုးနဲ့ ပေါင်းစပ်တာပေါ့ဗျာ။
ထင်သာမြင်သာအောင် ပြောရမယ်ဆိုရင် မိုစန်တို ကုမ္ပဏီကနေ ဘီတီ Bt (Bacillus thuringiensis) ဘက်တီးရီးယားက ဗီဇကို ပြောင်းမှာ ထည့်သွင်းလိုက်ပါတယ်။ ရည်ရွယ်ချက်ကတော့ ဖျက်ပိုးဒဏ်ကို ခံနိုင်ရည် ရှိဖို့ပါ။
ဒီတော့ ပြောင်းပင်ကို လာစားတဲ့ ပိုးမှန်သမျှ သေကုန်တာပါပဲ။ ဘာဖြစ်လို့ဆိုတော့ ပြောင်းပင်ရဲ့ အစိတ်အပိုင်းအားလုံးမှာ ပိုးသတ်ဆေး အာနိသင်တွေ ရှိနေလို့ပါ။ ဒီပြောင်းကို မိမိရဲ့ ကျွဲနွား၊ ကြက်ငှက် ဒါမဟုတ် မိမိကိုယ်တိုင် စားမိရင် ပိုးသတ်ဆေးကို စားနေသလိုပါပဲ။ အကောင်ကြီးတဲ့ သူတွေအတွက်တော့ ရေတိုမှာ ဘာဆိုးမှ မတွေ့ရပေမယ့် ရေရည်အတွက်တော့ ကြောက်စရာကောင်းလှပါတယ်။
ဗီဇပြုပြင်ထားတဲ့ မျိုးစေ့တွေရဲ့ နောက်ဆက်တွဲ အကျိုးများ
စိတ်မကောင်းစွာပဲ ဗီဇပြုပြင်ပြောင်းလဲခြင်းဆိုတာကို ကြီးကျယ်မြင့်မြတ်လှပါတယ်လို့ ခံယူနေကြပါတယ်။
မိုစန်တိုလိုမျိုး GMO ကုမ္ပဏီကြီးတွေက တော့ သူတို့ရဲ့ တီထွင်မှုက ဆန်းပြားလှပြီး သူမတူနိုင်တဲ့အတွက် မူပိုင်ခွင့် ရှိသင့်တယ်လို့ ငြင်းဆိုပါတယ်။ ဒီမူပိုင်ခွင့်က အရေးပါအရာရောက်လှပြီး ကမ္ဘာ့စီးပွားရေးကို ဖွတ်ဖွတ်ညက်ညက် ကြေစေနိုင်တဲ့ အထိ သက်ရောက်မှုတွေ ရှိနေပါတယ်။
တစ်ဆက်တည်းမှာပဲ သူတွေက GMO မျိုးစေ့က အခြားမျိုးစေ့တွေနဲ့ အများအပြား တူညီနေတဲ့အတွက် တံဆိပ်တပ်စရာ၊ စမ်းသပ်စရာနဲ့ အခြား ပညက်ချက်တွေ မလိုအပ်ပါဘူးလို့ ဆိုပါသေးတယ်။ ဒီတော့ မိမိစားမိတဲ့ အစားအသောက်က GMO မျိုးစေ့က ထုတ်တာလား ရိုးရိုးမျိုးစေ့ကနေ လုပ်ထားတာလားဆိုတာ သိဖို့ ခက်သွားပြန်ပါတယ်။
GMO မျိုးစေ့တွေက သူတို့ သတ်မှတ်ထားတဲ့ ပိုးမွှားရောဂါဒဏ်တွေကို ခံနိုင်ရည် ရှိပေမယ့် အခြား တစ်ဖက်မှာတော့ အရင်က ဂရုစိုက်စရာ မလိုတဲ့ ပိုးမွှားတွေ (Minor Pests) က ဆိုးဆိုးရွားရွား ဖျက်ဆီးနိုင်တဲ့ ပိုးမွှားတွေအဆင့် သို့ ရောက်ရှိလာပါတယ်။ နောက် ပြဿနာတစ်ခုကတော့ ထိန်းချူပ်လို့ မရတဲ့ ပေါင်းပင် (Super Weed) ပဲ ဖြစ်ပါတယ်။ ဒါတွေက ဗီဇပြုပြင်ထားတဲ့ မျိုးတွေကို အသုံးပြုခြင်းရဲ့ နောက်ဆက်တွဲ ရလာဒ်တွေ ဖြစ်ပါတယ်။
Oxford Conference ရောက် ပညာရှင်များက အတိ အလင်း ဆိုလိုက်ပါပြီ။ နောက်ဆုံးပေါ် မျိုးရုီုးဗီဇ ပညာ တွေ့ရှိချက်တွေ အရ အရင်က မျိုးရုီုးဗီဇ ပညာရှင်တွေ တွက်ထားသလို ကောင်းတဲ့ မျိုးဗီဇကို ယူ မကောင်းတဲ့ ဗီဇကို ဖယ်ထုတ်ပြီး ဥုံဖွ ဟချလောင်း ဆိုပြီး လိုတိုင်းရ မျိုးအသစ်တွေ ဖန်တီးလို့ မရနိုင် ပါဘူး၊ အကြောင်းကတော့ မျိုးရိုးဗီဇ ဟာ non-linear သဘော ဖြစ်နေ လို့ပါ၊ အရင်က တွက်ထားသလို linear ဟုတ်မနေပါဘူး၊ အားလုံး နားလည်အောင် ပြောရရင်တော့ ပုံသေ ကားချပ် လှေနံဓါးထစ် ညီမျှခြင်း ထုတ်ပြီး အဖြေ ထုတ်လို့ မရပါဘူး။ လူသားတွေ ဘယ်လောက် တော်တော် သဘာဝကို ၁၀၀% နားလည်ဘို့ မဖြစ်နိုင်ဘူးဆိုတာ လဲ Oxford ကထောက်ပြထား ပါသေးတယ်။
နောက်ဆုံး အဆိုးဆုံး တစ်ချက်ကတော့ GMO မျိုးစေ့ကို စတင်သုံးလိုက်တာနဲ့ ကုမ္ပဏီရဲ့ မူပိုင်ခွင့် ဥပဒေတွေ ကြားမှာ မျိုးစေ့ကျွန်ဘဝသို့ ရောက်ရောက်သွားရတော့တာပါပဲ။

စပ်မျိုးစေ့ နှင့် ဗီဇပြုပြင်ထားသော မျိုးစေ့
အတိုချုပ်အနေနဲ့ကတော့ စပ်မျိုးဆိုတာ သဘာဝမှာ ရှိနေတဲ့ အပင်မျိုးတွေထဲက ကောင်းတဲ့အချက်တွေကို ပင်ခြား ဝတ်မှုန်ကူးပြီး ရယူထားတာဖြစ်ပါတယ်။ ဒီတော့ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်အတွက် ကြောက်စရာတော့ မကောင်းလှပါဘူး။ ဗီဇပြုပြင်ထားတဲ့ မျိုးစေ့တွေကတော့ သဘာဝအတိုင်းမဟုတ်ဘဲ ဗီဇတွေကို ပေါင်းစပ် နေရာချထားတဲ့ အတွက် သင့်ကျန်းမာရေးအတွက် သာမက ပတ်ဝန်းကျင်အတွက်ပါ အန္တရာယ် ကြီးမားလှပါတယ်။

ဗီဇပြုပြင်ထားတဲ့ မျိုးစေ့တွေကို ဘယ်လိုရှောင်ရှားမလဲ
• GMO ကုမ္ပဏီကြီးတွေက ပြောတဲ့ မက်လုံးတွေကို အပြည့်အဝ မယုံကြည်လိုက်ပါနဲ့။ သူတို့ပြောတဲ့ ထွက်နှုန်းတွေနဲ့ အမှန်တကယ်ထွက်နှုန်းတွေက အရမ်းကွာခြားပါတယ်။ နောက်ပြီး ကမ္ဘာကြီးရဲ့ တိုးပွားလာတဲ့ လူဦးရေကို ဝဝလင်လင်ကျွေးနိုင်ဖို့ ဒီမျိုးစေ့တွေက အရေးပါပါတယ်လို့ ပြောကြပါသေးတယ်။ အကယ်တော့ Oxford Conference ကနေုထုတ်ပြန်လိုက်တာက ကမ္ဘာကြီးဟာ လက်ရှိ လုဦးရေရဲ့ နှစ်ဆ ၁၄ ဘီလျံ အတွက် စားနပ်ရိက္ခာ ထုတ်ပေး ပြီးသားပါ။ လူသားတွေသာ ဝေမျှစားသောက်ကြမယ်ဆိုရင် ငတ်မွတ်မှုတွေ ရှိမှာ မဟုတ်ပါဘူး။
• GMO မျိုးစေ့သုံးလိုက်တာနဲ့ နောက်ဆက်တွဲ ကုန်ကျစရိတ်တွေကို ကုန်ကျဖို့ ပြင်ဆင်ထားပါ။ ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာတွေအတွက် မဖြစ်မနေ ဝယ်ရပါတော့မယ်။
• သဘာဝကို ချစ်မြတ်နိုးပါ။ သဘာဝကို ချစ်မြတ်နိုးတာနဲ့ သင်ဟာ သဘာဝကို ဖျက်ဆီးနေတဲ့ လုပ်ရပ်တွေကို လုပ်ဖို့ ရွံ့မုန်း လာပါလိမ့်မယ်။
• ဒေသမျိုးတွေကို သုံးစွဲပါ။ ရေမြေဒေသ ရာသီဥတုနဲ့ ကိုက်ညီတဲ့ သီးနှံမျိုးစေ့တွေကို သင့်ကို နောင်တ ရစေမှာ မဟုတ်ပါဘူး။
• သဘာဝအတိုင်း စိုက်ပျိုးပြီး ဂုဏ်ယူလိုက်ပါ။ လောင်စာရှားပါးပြီး အစားအသောက် ဘေးကင်းလုံခြုံမှု မရှိတော့တဲ့ ခေတ်ကြီးမှာ သဘာဝအတိုင်း စိုက်ပျိုးထုတ်လုပ်တဲ့ သီးနှံတွေက လူတွေ တန်ဖိုးထား စားသုံးရတော့မယ့် အစားအစာတွေ ဖြစ်လာပါပြီ။ အခုဆို သြဂဲနစ်သီးနှံတွေက ဈေးကြီးပေးပြီး လူတွေ တန်ဖိုးထားတဲ့ အစားအသောက်အဖြစ် ရပ်တည်နေပါပြီ။
စာညွှန်း
Food Genegad : Hybrid Seeds vs. GMOs
Green Way : ဦးဝင်းမျိုးသူပြောတဲ့ GMO အကြောင်း
https://m.facebook.com/groups/570218853082323?view=permalink&id=655486314555576

Saturday, July 9, 2016

ပန်းအမျိုးမျိုးနဲ့စိတ်​ခံစားချက်

____ ပန်း အဘိဓာန် _____

၁။ ကံကော်ပန်း - မပြောင်းလဲတဲ့ ထာဝရအချစ်

၂။ ကြာပန်း - မိတ်ဆွေတွေရဲ့ ဖြူစင်ခြင်းမျိုးနဲ့
    ခင်မင်ကြရအောင်..

၃။ ခရေပန်း - မေ့ မသွားပါနဲ့...

၎။ ခေတ္တာပန်း - အားငယ်ရသူမို့ ညှာတာပါ...

၅။ ချယ်ရီပန်း - တစ်နေ့နေ့တော့ ဝေးရဦးမယ်...

၆။ ခေါင်းလောင်းပန်း - အမြန်ဆုံးနီးစပ်ချင်တယ်....

၇။ ဂန္တာမာပန်းအဖြူ - ငြိမ်းချမ်းပါစေ..

၈။ ဂန္တာမာပန်းအဝါ - သတိရနေမယ်....

၉။ ဂမုန်းပန်း - မျှော်လင့်ခြင်းကြီးစွာနဲ့စောင့်နေမယ်.

၁၀။ စံပါယ်ပန်း -
မင်းရဲ့အချစ်ကိုလက်ခံလိုက်တယ်...

၁၁။ ဆပ်သွားဖူးပန်း -
သစ္စာမရှိသူကြောင့်ဝမ်းနည်းရတယ်...

၁၂။ ဆောင်တော်ကူးပန်း - မင်းကြောင့်ရူးနေရပြီ

၁၃။ ညမွှေးပန်း - အရာရာမင်းအတွက်ဖြစ်စေရမယ် လို့ဆန္ဒပြု့ပါတယ်....

၁၄။ ဒေလီယာပန်း -
မကြာခင်မှာ ဆုံတွေ့ကြရအောင်

၁၅။ ဒန်းပန်း - ဘဝကိုအရှုံးမပေးပါနဲ့.

၁၆။ ပိတောက်ပန်း -
မင်းဟာကိုယ့်အတွက်ရှားပါး ဆုလာဒ်ပါ...

၁၇။ ဒေါနပန်း - တို့တွေ ခွဲခွာကြစို့...

၁၈။ နှင်းပန်း - အဆင်မပြေမှုတွေက ခဏပါ

၁၉။ နှင်းဆီပန်း အနီ - မင်းကိုချစ်မိနေပြီ

၂၀။ နှင်းဆီပန်း အဝါ - မိတ်ဆွေအဖြစ် ခင်ရအောင်

၂၁။ နှင်းဆီပန်း ပန်းရောင် - ကျေးဇူးတင်ကြောင်း..

၂၂။ နေကြာပန်း - မင်းရဲ့ဘဝရှေ့ရေးအတွက်တာဝန်ယူပါတယ်

၂၃။ ပျားခတ်ပန်း -
မင်းဟာ ပန်းပွင့်လေးလို လှပသူပါ...

၂၄။ ပိတောက်ပန်း - မင်းဟာကိုယ့်အတွက်ရှားပါးဆုလာဒ်ပါ...

၂၅။ ဖယောင်းပန်း - အထီးကျန်ကြေကွဲရခြင်း

၂၆။ မြတ်လေးပန်း - ဇွဲသတ္တိရှိခြင်း

၂၇။ မိုးမခပန်း - လွမ်းဆွတ်ကြေကွဲရခြင်း..

၂၈။ သဇင်ပန်း - ကျေးဇူးပြုပြီးမမုန်းပါနဲ့

၂၉။ သစ်ခွပန်း -
ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ...

၃၀။ သော်ကပန်း - ကိုယ့်ကိုခွင့်လွတ်ပါ..

၃၁။ သံလွင်ပန်း - အောင်မြင်ခြင်း ..ဂုဏ်ပြုခြင်း

၃၂။ ရွက်လှပန်း - နှုတ်ဆက်လိုက်ပါတယ်...

၃၃။ ဝိုင်အိုလက်ပန်း(ခရမ်းရောင်) -
မျှော်လင့်သလို ဖြစ်လာပါစေ..

၃၄။ အုန်းပန်း - ကံကောင်းခြင်း ။ ။

ဆရာမင်းခိုက်စိုးစန် ဘာသာပြန်ထားသော... စာအုပ်တစ်အုပ်မှပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါသည်

တဆင့်​မျှ​ဝေခြင်းဖြစ်​ပါသည်

ပန်းအမည်​ အင်္ဂလိပ်​အ​ခေါ်အ​ဝေါ်များ

' ပန်း အမျိုးမျိုး ''(အင်္ဂလိပ်အမည်များ)

(၁) စံပယ်ပန်း = Jasmine

(၂) နှင်းဆီပန်း = Rose

(၃) သစ်ခွပန်း = Orchid

(၄) ကြာပန်း = Lotus (or ) Water- lily

(၅) နှင်းပန်း = Lily

(၆) သဇင်ပန်း = Tiger-lady

(၇) ထပ်တရာပန်း = Marigold

(၈) ဒေါနပန်း = Wormwood

(၉) ဆောင်တော်ကူးပန်း = Vervain (or) Bridal bouquet

(၁၀) ပိတောက်ပန်း = Gumkino flower

(၁၁) စိန်ခြယ်ပန်း = Golden coreopsis

(၁၂) မေမြို့ပန်း = Aster

(၁၃) ဇီဇဝါပန်း = Gardenia

(၁၄) နေကြာပန်း = Sunflower

(၁၅) ချယ်ရီပန်း = Cherry

(၁၆) ဒေလီယာပန်း = Dahlia

(၁၇) ညမွှေးပန်း = Queen of the night

(၁၈) စိန်ပန်း = Gold mohur

(၁၉) ခေါင်ရမ်းပန်း = Hibiscus (or ) Shoe flower

(၂၀) ငုပန်း= Laburnum

(၂၁) ခရေပန်း = Star-flower

(၂၂) ဗေဒါပန်း = Water-hyacinth

(၂၃) သော်ကပန်း = Golden shower

(၂၄) ခွါညိုပန်း = Clematis

(၂၅) ဒေစီပန်း = Daisy

(၂၆) သခွတ်ပန်း = Trumpet flower

(၂၇) ခေါင်းလောင်းပန်း = Canterbury bell-flower

(၂၈) နွယ်သာကီပန်း = Oleander

(၂၉) ကုမုဒြာကြာပန်း = Kumudra waterlily

(၃၀) ပုန်းညက်ပန်း = Alexandrian laurel

(၃၁) ဖယောင်းပန်း = Yellow oleander

(၃၂) ကံ့ကော်ပန်း = Mesua ferrea

(၃၃) ငုဝါပန်း = Casssiafistula

(၃၄) မြတ်လေးပန်း = Star ipomea

(၃၅) မိုးမခပန်း = Salitetrasperma

(၃၆) မလေးပန်း = Spanish jasmine

(၃၇) ကြွေပန်း = Begonia

(၃၈) တိုက်ပန်း = Antigonum (or) Coralvine

(၃၉) ရွှေပန်း = Yellow ginge lily

(၄၀) ငွေပန်း = White waxy flower

(၄၁) ပိန်းပန်း = Anthurium

(၄၂) ဇွန်ပန်း = Small jasmine

(၄၃) ဒန်းပန်း = Balsam flower

(၄၄) စကားဝါပန်း = Yellow champac

(၄၅) စကားဖြူပန်း = White champak

(၄၆) တောင်ဇလပ်ပန်း = Rhododendron

(၄၇) ဇော်မွှေးပန်း = Carnation

(၄၈) သစ္စာပန်း = Gladiola

(၄၉)ဂန္ဓမာပန်း=Chrysanthemum

(၅၀) ခတ္တာပန်း = Tulip

(၅၁) ပုဏ္ဏရိတ်ပန်း = Ixora

(၅၂) စက္ကူပန်း = Bougainvillaea

(၅၃) စန္ဒကူးပန်း = Sandal wood flower

(၅၄) တိုက်ကပ်နွယ်ပန်း = Ivy flower

(၅၅) ဒေါင်းဖန်ဝါပန်း = Zinnia

(၅၆) အင်ကြင်းပန်း = Religiosa

(၅၇) တရုတ်စကားပန်း = Frangipani

(၅၈) ရွက်လှ= Croton

(၅၉) ဂမုန်း = Johnuil

(၆၀) ဂမုန်းသစ်ခွ = Slipper orchid

(၆၁) ခိုင်ရွှေဝါ = Golden rod

(၆၂) သရဖီ = Callophillum amoenum

(၆၃) နန်းလုံးကြိုင် = Vachellia

(၆၄) ကြက်ရုန်း = Arabian jasmine

(၆၅) သပြေရွက်များ = Eugenia leaves

(၆၆) ဗုဒ္ဓံ သရဏံ = Canna

တဆင့်​မျှ​ဝေခြင်းဖြစ်​ပါသည်

Tuesday, July 5, 2016

အပင်​ရှည်​​စေ​သော gibberelic acid

ဒင်ဒိုအပင်ငယ်များ အမြန်ကြီးအောင်
အပင်ဇီဝကမ္မဗေဒပညာရှင် ဂျပန်လူမျိုး Dr.E.Kuruzawa   က 1926  ခုနှစ်မှာ အဲဒီချိန် ဂျပန်ကိုလိုနီနိုင်ငံဖြစ်တဲ့ ထိုင်ဝမ်နိုင်ငံမှာ စပါးရူးရောဂါကို လေ့လာရင်း ဂစ်ဗရစ်လစ် ဟော်မုန်းကို စတွေ့ခဲ့ပါတယ်။ ကပ်ပါးမှိုဖြစ်တဲ့ Gibberelia  Fujikuroi ကနေထုတ်လွှတ်တဲ့ ဓါတုပစ္စည်းတစ်မျိုးကြောင့် စပါရူးရောဂါကျရောက်နေတဲ့ စပါးပင်တွေက ပုံမှန်ထက်နှစ်ဆလောက်ရှည်ထွက်လာတာပါ။ အဲဒီဓါတုပစ္စည်းက အပင်ရဲ့တစ်ရှူးတွေကို အလျှားလိုက်ရှည်ထွက်စေနိုင်ပါတယ်။ နောက်ပိုင်းမှာ ဒီဓါတုပစ္စည်းကို Gibberellin-A လို့နာမည်ပေးခဲ့ပြီး  1955  လောက်မှာ အနောက်တိုင်းပညာရှင်တွေက Gibberellic  Acid  လို့နာမည်ပေးခဲ့ပါတယ်။ အဲဒီဂစ်ဗရစ်လစ်အက်စက်ကိုသုံးပြီး ဒင်ဒရိုဘီယမ်သစ်ခွအပင်ပေါက်လေးတွေကို ပုံမှန်ထက်ပိုရှည် ပိုကြီးလာအောင်လုပ်နည်းကို ရေးချင်ပါတယ်။ ဂျစ်ဗရစ်လစ်ဟော်မုန်းတွေကအရည်ပုလင်းနဲ့ ဆိုင်တွေမှာ ရောင်းပါတယ်။ အခဲလေးတွေလည်းရောင်းပါတယ်။ ဂျစ်ဗရစ်လစ်အက်စက်က အပြင်းစားဖြစ်လို့  တစ်သန်းပုံ ဆယ်ပုံ(10 PPM) သုံးစွဲဖို့ညွှန်းထားပါတယ်။ ကျနော်တို့သုံးတဲ့ခါ ရေတစ်ဂါလံမှာ ဂျစ်ဗရစ်လစ်အက်စက် တစ်စက် / နှစ်စက်လောက်ကိုထည့်ဖျော်ပြီး Sprayer ဆေးဖျန်းဘူးနဲ့ဖျန်းရပါတယ်။ ဂျစ်ဗရစ်လစ်အက်စက်နဲ့ ဒင်ဒရိုဘီယမ်အပင်ငယ်လေးတွေကို ကြီးထွားအောင်လုပ်မယ်ဆိုရင် ပထမဆုံး သစ်ခွပင်ငယ်လေးတွေကို အရင်သီးခြားခွဲထားပါ။ ပြီးရင် ဂျစ်ဗရစ်လစ်အက်စက်ထည့်ဖျော်ထားတဲ့ရေနဲ့ ဖျန်းပါ။ ၁၅-မိနစ်လောက်ကြာတဲ့အခါ ရိုးရိုးရေနဲ့ ရွှဲနေအောင်လောင်းပေးပါ။ နောက်ထပ်လေးဆယ့်ရှစ်နာရီ(နှစ်ရက်)အကြာမှာ ဂျစ်ဗရစ်လစ်ဖျော်ရည် တစ်ခါထပ်လောင်းပါ။ အဲလို လေးဆယ့်ရှစ်နာရီခြားတစ်ကြိမ်စီ သုံးခါဖျန်းပြီးရင် ဂျစ်ဗရစ်လစ်ထပ်ဖျန်းစရာမလိုတော့ဘူး။ အရေးကြီးတာက ဂျစ်ဗရစ်လစ်အက်စက်ဖျန်းပြီးတိုင်း ၁၅ - မိနစ်အကြာမှာ ရေကိုဝအောင်လောင်းပေးရပါမယ်။ မဟုတ်ရင် အပင်လောင်သွားလိမ့်မယ်။ ပြီးတဲ့ခါ ၂၁ - ပတ်လည်လိုမြေသြဇာကို တစ်ပါတ်တစ်ခါပုံမှန်ဖျန်းပေးပါ။ ဂျစ်ဗရစ်လစ်အက်စက်ဖျန်လို့ ၁၅ - ရက်လောက်ကြာတဲ့အခါ အပင်က အစိမ်းနုရောင် သန်းလာပါလိမ့်မယ်။ တစ်လလောက်ကြာတဲ့ထိ အပင်က ပုံမှန်ပဲကြီးနေလိမ့်မယ်။ တစ်လကျော်လာတဲ့အခါ ဂျစ်ဗရစ်လစ်အက်စက်မဖျန်းတဲ့အပင်ထက်သိသိသာသာ ရှည်ထွက်လာလိမ့်မယ်။ အပင်က ပုံမှန်ထက်နှစ်ဆနီးပါလောက်ရှည်ထွက်လာတဲ့အတွက် မသန်မစွမ်းလိုဖြစ်နေလိမ့်မယ်။ ပြဿနာမရှိဘူး။ ၂၀၊၁၀၊၁၀၊   ဒါမှမဟုတ်  ၂၅၊ ၅၊ ၅။ လိုမျိုး နိုတ်ထရိုအများပါတဲ့မြေသြဇာကိုကျွေးပေးပါ။အဲလို သုံးလေးလလောက်ပြုစုလိုက်ရင် ရိုးရိုးအပင်တွေနဲ့ဘာမှမဆိုင်လောက်အောင်ကြီးထွားလာပါလိမ့်မယ်။ ဒီလို ဂျစ်ဗရစ်လစ်အက်စက်ကိုအသုံးပြုပြီးတော့ ပုံမှန်နှစ်နှစ်လောက်စောင့်ရနိုင်တဲ့ ဒင်ဒရိုဘီယမ်အပင်ငယ်တွေကို အချိန်ထက်ဝက်လောက်စောပြီး အပင်ကြီးဖြစ်လာအောင်ပြုစုနိုင်ပါတယ်။
တဆင့်​ပြန်​လည်​မျှ​ဝေခြင်း

ကြံပင်

ကြံပင်
။။။။။။။။။။။။။။။
ကြံပင် ကို အင်္ဂလိပ် လို Sugar Cane လို့ခေါ် ဆိုကြပါ တယ်။ ကြံသကာ ကိုတော့ Sugar Cane Candy လို့ခေါ်ဆိုပါတယ်။ ကြံသကာကို မုန့် များ၊ ယိုများ၊ တဆေး (ဝါ)ဆေးယို တွေထုတ်လုပ်ရာမှာ အသုံးပြုလေ့ရှိကြ ပါတယ်။ ကြံသကာဆိုသည်မှာ ကြံရည် ကို ချက်၍ရသော အခဲဖြစ်ပါတယ်။

ကြံသကာနှင့် ဆေး အဘိဓာတ် ကျမ်း အမြင်

ကြံသကာ၏ ဂုဏ်သည်ကား အပူလွန်၍သော်လည်းကောင်း၊ နှလုံး ဆို့တောင့်လာ၍သော်လည်းကောင်း၊ သည်းခြေလှိုက်တက်၍သော်လည်း ကောင်း၊လေပူထ၍သော်လည်းကောင်း၊ ရူးသွပ်၍သော်လည်းကောင်း၊ အာပေါ ဓာတ်ပျက်သော အနာကိုသော်လည်း ကောင်း၊ အလွန်ကျုံသောအနာကို လည်းကောင်း၊ သလိပ်အဓိကပြု၍ ချောင်းဆိုးသောအနာကိုသော်လည်း ကောင်း ချမ်းသာစေတတ်သည်ဟု ပြဌာန်းထားပါတယ်။

နွေရာသီ အတွက် ဖျော် ရည် တစ်ခွက်

ကြံပင်ကို သဘာဝပေါက်ပင်နှင့် စိုက်ပျိုးပင်အဖြစ် တွေ့ရှိနိုင်ပါတယ်။ ကြံညိုပင်၊ ကြံနီပင်၊ ကြံဖြူပင်ဟု ကြံ အမျိုးအစားများရှိပါတယ်။ ကြံပင်နှင့် ပတ်သက်၍ မြန်မာပြန် အာယုဗ္ဗေဒ ဆေးကျမ်းကြီးများတွင် အောက်ပါ အတိုင်းဖော်ပြထားပါတယ်။ ကြံညိုပင်သည် ပြေပြစ်၏။ ဂုဏ် နှင့် စွမ်းရည်မှာ သုက်ကိုပွားစေသည်။ နှစ်မြို့စေသည်။ အပူကိုတားမြစ်စေ သည်။ သလိပ်ဖြစ်စေတတ်သည်။ အနာပေါက်ရောဂါနှင့် မြစ်ခြောက် ရောဂါတို့ကို ပျောက်ကင်း စေသည်။ ကြံနီပင်သည် ချို၏၊ဖန်၏၊အေး ၏။ ဝိပါက ချိုစေ၏။ သုက်ကိုပွားစေ တတ်၏။ ခွန်အားကို ဖြစ်စေတတ်၏။ အရောင်အဆင်းကို ဖြစ်စေတတ်၏။ ဓာတ်တို့ကို ပွားစေ၏။ ကြေကျက် ခဲ၏။ လေ၊ သည်းခြေတို့ကို ငြိမ်းအေး စေတတ်၏။ အနာ၊ မီးလျှံ၊ အပူနာ၊ ဆီးချုပ်၊ ဆီးအောင့်၊ သွေးဖောက် ပြန်ခြင်းတို့အတွက် အကျိုးရှိ၏။ ကြံဖြူပင်သည် ချို၏၊ ပြေပြစ်၏၊ ဝဖြိုးစေသည်။ အသက်ကိုရှည်စေ သည်။ သုက်သွေးကို ပွားစေသည်။ သလိပ်ကို ပြုတတ်၏။ ပင်ပန်းခြင်း၊ သွေးအန်ခြင်း၊ သွေးကျခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်ပြီး ခန္ဓာ ကိုယ်တွင်းရှိ အပူတို့ကို ငြိမ်းအေးစေ တတ်ပါသည်။

နွေရာသီတွင် ကြုံတွေ့ရ တတ်သည့် နှလုံးခုန်ခြင်း၊ မူးဝေခြင်း တို့အတွက် ကြံရည်သည် အဖိုးတန် ဖျော်ရည်ဟု သတ်မှတ်နိုင်ပါတယ်။ ကြံရည်တွင် သံပရာသီးအနည်းငယ် ထည့်သွင်း၍ သောက်ပေးခြင်းဖြင့် ကြံရည်၏ အရသာကို ပိုမိုလေးနက် စေပါတယ်။ ကြံရည်နှင့်ပတ်သက်၍ Dr. S.J. Singh ပြုစုသော Food Remedies စာအုပ်တွင် ဖော်ပြထားချက် အချို့ကို တိုင်းရင်းဆေးစာဖတ်သူ များ သုတြွကယ်စေရန် ရည်ရွယ်ချက် ဖြင့် တင်ပြလိုက်ပါတယ်။ ကြံရည်သည် များစွာသောအဖျော်ယမကာတို့အနက် ရေငတ်ပြေစေသော၊ လန်းဆန်းစေ သော အာနိသင်ကို ပေးစွမ်းပါတယ်။ ယင်းတွင် သကြားဓာတ် ၁၅ ရာခိုင်နှုန်းနှင့် ဗီတာမင် B နှင့် ဗီတာမင် C တို့လည်း ပါဝင်ပါတယ်။ Organic Salts of Calcium ၊သံဓာတ်၊ မဂ္ဂနီစီယမ်တို့ြွကယ်ဝစွာပါဝင်ပါတယ်။ ကြံရည်ကို သွေးအားနည်းရောဂါ၊ အသားဝါရောဂါ၊ ကြို့ထိုးခြင်း၊ ကိုယ်တွင်းအပူဓာတ်ကို လျှော့ချရာ တွင် အသုံးပြုနိုင်ပါတယ်။ အမျိုးသား များ သုက်ယိုရောဂါ Spermatorrhoea ကိုကုသရာတွင် အသုံးပြုနိုင် ပါတယ်။ ကြံရည်တွင် ရှောက်ရည် (Limes)၊ သံပရာ(Lemon )နှင့် လိမ္မော်ရည် (Oranges) တစ်မျိုးမျိုးကို အနည်း ငယ်ထည့်ပြီးသောက်သုံးပါက အာ ဟာရပြည့်ဝကာ ပိန်သူကို ဝကာ အလှတိုးစေပါတယ်။

ဆေးဝါးဖြစ်သော ဖျော ရည်

ကြံပင်သည် တစ်နှစ်ပတ်လုံး ရှင်သန်ပေါက်ရောက်တတ်သောအပင် မျိုးဖြစ်ပါတယ်။ ဒါကြောင့်လည်း ကြံ ရည်ကို တစ်နှစ်တာ ကာလပတ်လုံး သောက်သုံးနိုင်ပါတယ်။

နောက်ဆုံးကမ္ဘာ့ သုတေသန တွေ့ရှိချက်များ

ကြံရည်တွင် ဗီတာမင်B အပြင် ကယ်လိုရီများစွာ ပါဝင်ပါတယ်။ လူ တိုင်းအတွက် သင့်လျော်သော သဘာဝဖျော်ရည်ကောင်း ဖြစ်ပါတယ်။

အစာအိမ်ရောဂါနှင့် ခေါင်းကိုက်ရောဂါ

သဘာဝဖျော်ရည်ဖြစ်တဲ့ ကြံရည် ကို နေ့စဉ်သတ်မှတ်ထားသည့် ပမာဏအတိုင်း သောက်သုံးပေးခြင်း ဖြင့် ခေါင်းကိုက်ရောဂါဝေဒနာရှင်များ နဲ့ အစာအိမ်ရောဂါဝေဒနာရှင်များ အတွက် အကျိုးသက်ရောက်မှုရှိ ကြောင်းကို သုတေသနပြုမှုများမှာ တွေ့ရှိထားပါတယ်။ ဗြိတိသျှသုတေသနပညာရှင် များရဲ့ တွေ့ရှိချက်အရ ကြံရည်သည် ခန္ဓာကိုယ်တွင်းရှိ ဆဲလ်များရှင်သန်မှု ကို ပံ့ပိုးပေးနိုင်စေသည့်အပြင် အချို့ လူများတွင်ဖြစ်တတ်သော မှတ်ဥာဏ် ချို့ယွင်းမှုများကိုလည်း အထိုက် အလျောက် အကာအကွယ်ပေးနိုင် ကြောင်း သိရပါတယ်။ ကြံရည်ကို သီတင်းတစ်ပတ်လျှင် သုံးခွက်မျှ သောက်သုံးခြင်းဖြင့် နာ့ဗ်ကြောများသန်မာမှုကို အထောက် အကူပြုစေပါတယ်။ ထို့အပြင် အာရုံ ကြောအားနည်းမှုရောဂါကို သက်သာ စေသည့် အာနိသင်ရှိသည်ဟု ဆို ထားပါတယ်။
Ref :
(၁) မြန်မာ့အလင်းနေ့စဉ် သတင်းစာ
(၂) အရှင်နာဂသိန် အခြေပြုဆေးအဘိဓာန်
(၃) Food Remedies. By. Dr.S.J.Singh

Credit - ကျော်တင့်ဆွေ