Monday, November 4, 2019
ယုတ္တိ​ဗေဒ
အ​တွေးအမြင်
**********
တစ်ခါက "အိုင်းစတိုင်း" ဟာ ဟောပြောပွဲတစ်ခုမှာ သူ့ရဲ့ပရိသတ်ကို မေးခွန်းတစ်ခု မေးတယ်။
"မီးခိုးခေါင်းတိုင်ဟောင်း တက်ပြင်တဲ့ လူနှစ်ယောက်ရှိတယ်။ သူတို့နှစ်ယောက် ခေါင်းတိုင်ပြင်ပြီးလို့ ထွက်လာကြတဲ့အခါ တစ်ယောက်က တစ်ကိုယ်လုံး သန့်ရှင်းသပ်ရပ်နေပြီး နောက်တစ်ယောက်ကျတော့ ကျပ်ခိုးတွေ နဲ့တစ်ကိုယ်လုံး ညစ်ပေနေတယ်။ မေးချင်တာက ဘယ်တစ်ယောက်ဟာ အရင်ဦးဆုံး ရေသွားချိုးလိမ့်မယ် ထင်သလဲ..."
ပရိသတ်ထဲကတစ်ယောက်က လက်ညိုးထောင်ရင်း...
"တစ်ကိုယ်လုံး ညစ်ပေနေတဲ့သူက အရင်ဦးဆုံး ရေသွားချိုးမှာပါခင်ဗျာ..." လို့ ထဖြေတယ်။
"အိုင်းစတိုင်း" ထိုလူကို စေ့စေ့ကြည့်ရင်းနဲ့...
"ဟုတ်ရဲ့လား... သေသေချာချာလည်း ပြန်ပြီးတော့ စဉ်းစားကြည့်လိုက်စမ်းပါဦး။ မီးခိုးခေါင်းတိုင်ထဲက ထွက်လာတဲ့ လူချင်းအတူတူ သန့်ရှင်းနေတဲ့သူက ညစ်ပေနေတဲ့သူကို မြင်တော့ သူ့ကိုယ်သူလည်း ပေတူးနေတဲ့သူတစ်ယောက်ပဲလို့ ထင်မြင်နေလိမ့်မယ်။
ကျန်ရှိတဲ့ တစ်ဖက်က လူဟာလည်း ဆန့်ကျင်ဘက်လူကို မြင်တော့ သူ့ကိုယ်သူလည်း သန့်ရှင်းနေတယ်လို့သာ ထင်မြင်မိမှာပဲ။ အဲဒီတော့ကာ နောက်တစ်ခေါက်လောက် မေးကြည့်ချင်တယ်။ ဘယ်တစ်ယောက် ရေအရင် သွားချိုးလိမ့်မယ် ထင်ပါသလဲ..." လို့ ပြောဆိုရင်း
ကျန်တဲ့ ကျောင်းသားတွေဘက် လှည့်ပြီး နောက်တစ်ကြိမ်ထပ်မံ မေးခွန်းထုတ်ပြန်တယ်
လူတစ်ယောက်ကစိတ်လှုပ်ရှားစွာနဲ့...
"ကျွန်တော်သိပြီ။ သန့်ရှင်းနေတဲ့သူက အခြားတစ်ဖက်ကလူ ပေတူးနေတာမြင်တော့ သူ့ကိုယ်သူ ညစ်ပေနေတယ်လို့ ထင်မယ်။ ကျန်တစ်ဦးက နောက်တစ်ဦး သန့်ရှင်းနေတာမြင်တော့ သူ့ကိုယ်သူ သန့်ရှင်းနေတယ်လို့ ထင်လိမ့်မယ်။ အဲဒီတော့ သန့်ရှင်းနေတဲ့သူက အရင်ဆုံး ရေအရင် သွားချိုးပါလိမ့်မယ်။ ကျွန်တော်ဖြေတာ မှန်ပါသလားခင်ဗျာ..." ဆိုပြီး ထဖြေတယ်။
အားလုံးကလည်း ဒီအဖြေကို သဘောတူတဲ့ပုံနဲ့ ဝိုင်းဝန်းထောက်ခံ အားပေးနေကြတယ်။
"အိုင်းစတိုင်း" က အားလုံးကို ခြုံငုံပြီး ကြည့်လိုက်တယ်။ ပြီးတော့  ဖြေးဖြေးနှေးနှေး လေသံနဲ့...
"ဒီအဖြေလည်း မှားပြန်တယ်။ ခေါင်းတိုင်ဟောင်းထဲက ထွက်လာခဲ့တဲ့ လူချင်းအတူတူကို တစ်ယောက်က ညစ်ပတ်ပြီး၊ နောက်တစ်ယောက်က သန့်ရှင်းနေတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။
ဒါပဲလေ....
လူတွေပြောပြောနေတဲ့ ယုတ္တိယုတ္တာ
အကျိုးနှင့် အကြောင်းတရားဆိုတာ...
လူတွေရဲ့ အတွေးအခေါ်တွေ ဟာ
ပြဿနာ တစ်ခုပေါ်ရင် အကျိုးရှိလို့ အကြောင်းဖြစ်ရခြင်းနဲ့ အကြောင်းရှိလို့ အကျိုးဖြစ်ရခြင်းတရားကို မဆန်းစစ် မခွဲခြားနိုင်ကြတော့ဘူး။
ယုတ္တိဗေဒဆိုတာ အဲဒါပဲ။
ယုတ္တိတစ်ခုခုကို ရှာဖွေတော့မယ်ဆိုရင်
မိမိရဲ့ တစ်ယူသန် အတွေးအခေါ်တွေထဲကနေ ခုန်ထွက်လာနိုင်ရမယ်။
သမားရိုးကျတွေးခေါ်မျှော်မြင် စဉ်းစားသုံးသပ်ခြင်းရဲ့ ထောင်ချောက်ထဲကနေ လွတ်မြောက်အောင် ရှောင်ထွက်၊ ရုန်းထွက်လာနိုင်ရမယ်။
အမှန်တရားကနေ  လွဲမှားစေတဲ့ အရာကတော့ မိမိတို့ရဲ့ အမူအကျင့်၊ ဓလေ့စရိုက်၊ အစွဲအလန်းတွေကြောင့်ပဲ။
အကျိုးအကြောင်း ဆီလျော်အောင် ယုတ္တိတစ်ခုခု ရှာဖွေနိုင်ဖို့ဆိုတာ လူတွေရဲ့ပရိယယ်ကို ရှောင်ရှားနိုင်မှ ဖြစ်လိမ့်မယ်...."
#အိုင်းစတိုင်း
Saturday, November 2, 2019
လူငယ်​​တွေအတွက်​အမှာစကား
ပညာသာလျှင်အမိ
ပညာသာလျှင်အဖကွ
မဟာဗန္ဓုလလောက်
ဘယ်သူမှမမှီဘူး
အင်္ဂလိပ်တစ်ဖွဲ့က
စစ်ချီတဲ့နေရာမှာ
ကမ္ဘာပေါ်မှာ ဟန်းနီးဗေါပြီးရင်
မဟာဗန္ဓုလလို့တောင်တစ်ချို့ကပြောတယ်
ရွှေထီးကြီးတစ်ဝင်းဝင်းနဲ့ခန့်ခန့်ကြီးပေါ့
ဒီလိုဖြစ်တာဘာလို့လဲ?
၆ခုပါတယ်တဲ့
အဲ့ဒီလိုဗုံးမျိုးမြန်မာနိုင်ငံမှာချကြည့်
ပြောချင်တာက
မျိုးချစ်စိတ်တစ်ခုတည်းနဲ့
ကာကွယ်လို့မရဘူး
သိပ်ချမ်းသာခဲ့တာ
ပိုက်ဆံရှိနေတာပဲ
ဒီမှာ ပညာရှင်လေးတွေ
လုပ်ခဲ့သလား?
မလုပ်ခဲ့ဘူး
သိမ်းပိုက်ချင်ကြတာ
လိုချင်တာ အကုန်ရနေတာ
ဘာမှလည်းမလုပ်တတ်ဘူး
ရော့ ဟက်စကီးတစ်စီး
ပေး သစ်ဘယ်နှစ်တန်
ရော့ ကားတစ်စီး
ပေး ဆန်ဘယ်နှစ်တန်
ရော့ TV
ပေး ပစ္စည်း
ပေါကြွယ်ဝသည် ဘာညာနဲ့
ရေနံတောင်မတူးတတ်တာ
ဝယ်သွားတဲ့နိုင်ငံက
ငါတို့ကကြာလေမွဲလေ
ဘာလုပ်အားမှမစိုက်ပဲ
ကောင်းတော့ကောင်းတယ်
ဘာကောင်းလဲဆိုတော့
ဒါကြောင့်
လူငယ်တွေ ပညာမတတ်မှာ
.
#credit
------------------------
ပညာသာလျှင်အမိ
ပညာသာလျှင်အဖကွ
မဟာဗန္ဓုလလောက်
သတ္တိအရာမှာရော စစ်ချီကောင်းတဲ့အရာမှာရော
ဘယ်သူမှမမှီဘူး
အင်္ဂလိပ်နဲ့စစ်ဖြစ်တော့
အင်္ဂလိပ်တစ်ဖွဲ့က
ရခိုင်မှာ ဗန္ဓုလကိုရင်ဆိုင်ထိန်းပြီး
ကျန်တစ်ဖွဲ့က မုတ္တမကမ်းကိုကပ်တာ
ဒါကိုမဟာမန္ဓုလကသတင်းရတော့
ရခိုင်ကနေ ချက်ခြင်းမုတ္တမကိုစစ်ချီတာ
မုတ္တမက အင်္ဂလိပ်တွေတောင်
ပါးစပ်အဟောင်းသားဖြစ်သွားတယ်
လမ်းမရှိပန်းမရှိနဲ့ ခက်ခဲတဲ့ခရီးကို
စစ်ချီတဲ့နေရာမှာ
ကမ်ဘာပေါ်မှာ ဟန်းနီးဗေါပြီးရင်
မဟာဗန္ဓုလလို့တောင်တစ်ချိူ့ကပြောတယ်
ဓနုဖြူမှာစစ်တိုက်တော့
ရွေှထီးကြီးတစ်ဝင်းဝင်းနဲ့ခန့်ခန့်ကြီးပေါ့
ဟိုက ထုန်းခနဲထုလိုက်တော့
ဘုန်းခနဲဆိုပြီး သေရော
ဒီလိုဖြစ်တာဘာလို့လဲ?
ငါတို့မှ သူတို့လက်နက်အကြောင်းမသိတာ
ငါတို့မှ သူတို့ပညာကိုမသိတာ
ငါတို့မှ သူတို့လိုနည်းပညာမရှိတာ
သူတို့ထုတယ် ငါတို့မှာပြန်ထုစရာမရှိဘူး
ခုနောက်ပိုင်းပိုဆိုးလာပြီ
အားလုံးကပညာနဲ့စခန်းသွားနေတာ
ဟိုတစ်လောက ပြင်သစ်နိုင်ငံက
မိုင်လေးထောင်ပြေးတဲ့ ဒုံးကျည်တစ်ခုထွင်လိုက်ပြီတဲ့
အဲ့ဒီဒုံးကျည်မှာ နူးကလီးယားထိပ်ဖူး
၆ခုပါတယ်တဲ့
နူးကလီးယားထိပ်ဖူးတစ်ခုရဲ့
ပေါက်ကွဲမှုစွမ်းအားဟာ
ဟီရိုဂျီးမားမှာချတဲ့နူးကလီးယားဗုံးထက်
အဆတစ်ရာပြင်းတယ်ဆိုပဲ
အဲ့ဒီလိုဗုံးမျိူးမြန်မာနိုင်ငံမှာချကြည့်
ဆွမ်းသွပ်ပေးမယ့် ဘုန်းကြီးတောင်ကျန်မှာမဟုတ်ဘူး
ဒီလိုပညာနဲ့သွားနေတဲ့ခေတ်ကြီးထဲမှာ
ငါတို့က ဓားကြီးကိုင်ပြီး
ကျား ကျိ လုပ်နေလို့ကတော့
သေလို့တောင်လောက်မှာမဟုတ်ဘူး
ပြောချင်တာက
မျိူးချစ်စိတ်တစ်ခုတည်းနဲ့
တိုင်းပြည်ကိုကာကွယ်လို့မရဘူး
ပညာမတတ်ပဲ တိုင်းပြည်ကို
ကာကွယ်လို့မရဘူး
ငါတိုနိုင်ငံလွပ်လပ်ရေးရပြီးနောက်ပိုင်း
သိပ်ချမ်းသာခဲ့တာ
ဒါပေမယ့် ပညာရေးအတွက်ဘာမှမလုပ်ခဲ့ဘူး
ငါတို့ပညာမတတ်ဘူး ရတယ်
ပိုက်ဆံရှိနေတာပဲ
နိုင်ငံခြားကပညာရှင်တွေခေါ်ပြီး
လူငယ်တွေကို သင်ပေးပါလား
ဒီကဆရာတွေ တစ်ထောင်ပေးရလည်း
နိုင်ငံခြားကပညာရှင်တွေ
နှစ်ထောင်ပေးရတော့ရော ဘာဖြစ်လဲ
ဒီမှာ ပညာရှင်လေးတွေ
ထောင်ချီသောင်းချီကျန်ခဲ့လိမ့်မယ်
လုပ်ခဲ့သလား?
မလုပ်ခဲ့ဘူး
ခုခေတ်က စစ်တိုက်ပြီးနယ်မချဲ့တော့ဘူး
စစ်တိုက်ရတာမှ နာမည်ပျက်တယ်
ကျည်ဆံကုန်တယ် ပခုံးအောင့်တယ်
အင်္ဂလိပ်တွေ ဂျပန်တွေ
မြန်မာနိုင်ငံကိုလိုချင်တာ
မြေပေါ်မြေအောက် သယံဇာတတွေလိုချင်လို့
သိမ်းပိုက်ချင်ကြတာ
ခုဒါမျိုးမလုပ်တော့ဘူး
လိုချင်တာ အကုန်ရနေတာ
မြန်မာနိုင်ငံမှာ ဘာရှိလဲတစ်ချက်ကြည့်လိုက်တယ်
မြန်မာကျွန်းသစ်ကောင်းတယ်
ဒီကောင်တွေဘာပညာမှတတ်တာမဟုတ်ဘူး
အလုံးလိုက်ရောင်းတဲ့ကောင်တွေ
ဘာမှလည်းမလုပ်တတ်ဘူး
ရော့ ဟက်စကီးတစ်စီး
ပေး သစ်ဘယ်နှစ်တန်
မြန်မာနိုင်ငံက ဆန်လိုချင်တယ်
ရော့ ကားတစ်စီး
ပေး ဆန်ဘယ်နှစ်တန်
တွင်းထွက်ပစ္စည်းလိုချင်တယ်
ရော့ TV
ပေး ပစ္စည်း
ဒါမျိုးလာတာ မောင်ရင်တို့
တိုင်းပြည်လည်း အခွံကျန်တော့တာ
သူတို့က နည်းပညာနဲ့လုပ်ပြီးရောင်းတာ
ငါတို့က သယံဇာတတူးရောင်းတာ
သူတို့ နည်းပညာကကုန်သွားတယ်မရှိဘူး
ငါတို့သယံဇာတက လေဥ ဥလို့ရတာမဟုတ်ဘူး
ဒါကို ကြွေးကြော်နေသေးတယ်
ကျွန်တော်တို့နိုင်ငံသည်
မြေပေါ်မြေအောက်သယံဇာတ
ပေါကြွယ်ဝသည် ဘာညာနဲ့
ငါနားကြားပြင်းကိုကတ်တယ်
ပေါတော့ ဘာလုပ်တတ်တုန်း
ရေနံတောင်မတူးတတ်တာ
ထွက်တဲ့ပစ္စည်းမှန်သမျှ
အကုန်အစိမ်းလိုက်ရောင်းတာ
ဘာကုန်ချောမှမလုပ်တတ်ဘူး
ငါတို့ကကုန်ကြမ်းအဖြစ်နဲ့ရောင်းတယ်
ဝယ်သွားတဲ့နိုင်ငံက
ကုန်ချောလုပ်ပြီးပြန်ရောင်းတယ်
သူတို့ကကြာလေချမ်းသာလေ
ငါတို့ကကြာလေမွဲလေ
နိုင်ငံခြားဝင်ငွေ ဘာညာနဲ့
ဘာလုပ်အားမှမစိုက်ပဲ
ရှိတဲ့ပစ္စည်းရောင်းစားတာဝင်ငွေလား
ဂုဏ်ယူစရာမဟုတ်တာဂုဏ်ယူနေတာ
ကောင်းတော့ကောင်းတယ်
ဘာကောင်းလဲဆိုတော့
ရှက်ဖို့ကောင်းတာပေါ့ကွာ
ပညာမတတ်ရင် ခံရမှာချည်းပဲမောင်ရင်တို့
ဒါမို့ မင်းတို့ကိုပညာသင်ခိုင်းတာ
ကိုယ့်အားကိုယ်ကိုးနိုင်ဖို့ပညာတတ်မှဖြစ်မှာ
ပညာသည် သိပ်ကိုအရေးကြီးတယ်
တိုင်းပြည်ရဲ့ကာကွယ်ရေးသည်
မင်းတို့ရဲ့စာသင်ခန်းထဲမှာပဲရှိတယ်
တိုင်းပြည်ရဲ့ကျန်းမာရေးသည်
မင်းတို့ရဲ့စာသင်ခန်းထဲမှာပဲရှိတယ်
တိုင်းပြည်ရဲ့စီးပွားရေးသည်
မင်းတို့ရဲ့စာသင်ခန်းထဲမှာပဲရှိတယ်
စာကြိုးစားပါ စာသင်ပါ စာဖတ်ပါ
တိုင်းပြည်ရဲ့အနာဂါတ်က
မင်းတို့လူငယ်တွေလက်ထဲပဲရှိတယ်
ကြိုက်ကြိုက်မကြိုက်ကြိုက်
မပေးချင်ချင် ပေးချင်ချင်
မင်းတို့လက်ထဲ တိုင်းပြည်အပ်ကိုအပ်ရမှာ
ယခုလူငယ် နောင်ဝယ်လူကြီး
အခုလူငယ်တွေ နောင်တစ်ချိန်လူကြီးဖြစ်လာမှာ
ဒါကြောင့်
လူငယ်တွေ ပညာမတတ်မှာ
အသိပညာမဲ့မှာ သိပ်စိုးရိမ်တယ်
.
#credit
Saturday, August 31, 2019
စာဖတ်​တဲ့အ​လေ့အကျင့်​လုပ်​ပါ
✴အလုပ်မရှိရင် စာဖတ်ပါ၊
စာဖတ်လို့ ပိုက်ဆံ မရပေမယ့်
ပိုက်ဆံရှာဖို့ အတွေးအခေါ်တွေ ရပါလိမ့်မယ်။
✴၁ဝ နှစ်စာ အတွေ့အကြုံကို
ကြိုရချင်ရင် အတွေးအခေါ် ရှိတဲ့
လူကြီးစကား နားထောင်ပါ။
✴ဘဝမှာ အောင်မြင်ချင်ရင် ရှုံးနိမ့်
ခဲ့ဖူးသူဆီက သင်ယူ လေ့လာပါ။
✴တစ်သက်လုံး လိပ်ပြာလုံချင်ရင်
ကိုယ်ကျင့်တရားကို လုံခြုံစွာ
ထိန်းနိုင်အောင် ကြိုးစားပါ။
✴အသိပညာ အတတ်ပညာကို
ပြည့်စုံ ရင့်ကျက်စေချင်ရင်
လက်တွေ့ လုပ်ဆောင်ပါ။
✴ကြီးမားတဲ့ နောင်တဆိုတာ
မရှိစေချင်ရင် ရွှေထက် တန်ဖိုးကြီးသော
အချိန်ကို လေးစားပါ။
✴ဘဝတစ်ခုလုံး ပျော်ရွှင်ချင်ရင်
ဘယ်အရာကိုမှ သံယောဇဉ်
သိပ်မထားပါနဲ့။
✴ပူလောင်မှုတွေ အရမ်းများလွန်း
နေရင် ကိုယ့်အတ္တနဲ့ မာနတွေ
လျော့ချပါ။
✴အကောင်းဆုံး ဆိုတာတွေကို
ပိုင်ဆိုင်ချင်ရင် အကောင်းဆုံး
ဆိုတာတွေနဲ့ ထိုက်တန်အောင်
အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ။
✴အထီးကျန်မှုတွေ ပပျောက်ပြီး
ဗဟုသုတ ပွားချင်ရင် စာဖတ်ပါ။
Credit: Original uploader.
Thursday, August 29, 2019
ကြီးပွား​ကြောင်း(၇)ရပ်
(၁) ကိုယ့်ဆီ ၀င်လာတဲ့ငွေရဲ့ ဆယ်ပုံတစ်ပုံကို အမြဲတမ်းချန်ထားပါ။
(၂) ကိုယ့်ဆီဝင်လာသော ငွေများကို စနစ်တကျ စီမံခန့်ခွဲသုံးစွဲပါ။ ငွေဝင်တဲ့ လမ်းကြောင်းတွေကို သိထားဖို့လိုသလို ထွက်တဲ့လမ်းကြောင်းတွေကို ဂဃနဏ သိထားဖို့လည်း လိုတယ်။ မလိုအပ်ဘဲ ထွက်နေတဲ့ လမ်းကြောင်းတွေရှိရင် အမြန်ဆုံး ပိတ်ပစ်ရန် လိုသည်။ အဲဒီလို မလုပ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမည်။
(၃) ငွေတွေကို သက်မဲ့လို သဘောမထားရပါဘူး။ သူတို့အချင်းချင်း ရင်းနှီးပြီး တိုးပွားမယ့် နေရာတွေကို ပို့ရမယ်။ နွားတွေ၊ ကြက်တွေ အုပ်လိုက် မွေးသလိုပါပဲ။ သူတို့အချင်းချင်း မိတ်တွေလိုက်ကြ၊ ဥတွေဥကြ၊ အကောင်တွေ ထပ်ပွားကြပေါ့။ ကိုယ်က ငွေမရှာဘဲ ငွေငွေချင်း ပြန်ရှာသွားတာပေါ့။ ငွေကို သေတ္တာထဲ ထည့်သိမ်းထားရင် အကြောသေပြီး လေဖြတ်တဲ့လူလို ငွေတွေ လေဖြတ်သွားလိမ့်မယ်။ အင်အားမရှိတော့ဘူး။
(၄) အလုပ်လုပ်ရာတွင် လောင်းကစားမဆန်ရဘူး။ မြတ်ချင်မြတ်၊ ရှုံးချင်ရှုံး ဆိုတဲ့ သဘောမျိုး မလုပ်ရဘူး။ သေချာတာလောက်ကိုပဲ လုပ်ရမယ်။ မြတ်ရင်တော့ အများကြီးမြတ်မယ်၊ ရှုံးရင် ကုန်သွားမယ်ဆိုတာမျိုးကို ဘယ်သူက ဘယ်လောက် အပြောကောင်းကောင်း မလုပ်ရဘူး။ မပိုင်တဲ့အလုပ်၊ မကျွမ်းကျင်တဲ့အလုပ်မှာ ဘာရင်းနှီးမြှုပ်နှံမှုမှ မလုပ်ရဘူး။ ( သူများပြောတာကို မယုံနဲ့၊ ကိုယ့်မျက်စိနဲ့ တွေ့တာတောင် တစ်ဝက်ပဲယုံ )
(၅) အိမ်ငှားမနေနဲ့ - အိမ်ပိုင်ဖြစ်အောင်လုပ်၊ ကြိုးစား၊ ဆိုင်မငှားနဲ့။ အပိုင်ဖြစ်အောင် ကြိုးစား။ ငှားတာဟာ ကြာတော့ စရိတ်ထောင်းတယ်။ စိတ်လည်း ရှုပ်ရတယ်။ သေးတာကြီးတာ ပဓာန မဟုတ်ဘူး။ ကိုယ်ပိုင်ဖြစ်အောင် ကြိုးစားဖို့ပဲ။ အဲဒီ အပေါက်ဟာ ငွေအထွက်ဆုံးပဲ။
(၆) မမျှော်မှန်းနိုင်တဲ့ အနာဂတ်အတွက် ပြင်ဆင်မှုတွေ လုပ်ရမယ်။ (မတ်တတ်စာပဲ ရှိတယ်၊ တုံးလုံးစာ မရှိဘူး လို့ မပြောရအောင် ပြင်ဆင်ထားပါ)
(၇) ကြိုးစားမှုကို ဘယ်တော့မှ မလျှော့နဲ့။ (အားပေးတဲ့ ဖောက်သည်တို့၊ အားပေးတဲ့ ပရိသတ်တို့ဆိုတာ စိတ်ချရတာမျိုးမဟုတ်ဘူး။ ကိုယ့်ထက် တော်တဲ့၊ ကောင်းတဲ့လူရှိရင် အဲဒီကို သွားကြမှာ)
.......
ဆရာဖေမြင့် (ဘေဘီလုံမှအချမ်းသာဆုံးပုဂ္ဂိုလ်)
စေတနာသည်​ ကံမည်​၏
မနေ့ ည က ကျွန်တော့် ရဲ့ အရင်း နှီး ဆုံး လူလဲ ဖြစ် Mentor လဲ ဖြစ် တဲ့ သူ နဲ့ Coffee Circle မှာ တွေ့တယ်။
စားရင်း နဲ့ သူ က ရုတ်တရက် ဘာ မေး လဲ ဆို တော့
"ဆိုပါစို့ လူ တစ်ယောက် ခွက်တစ်ခွက် ထဲ ကို ကော်ဖီ ထည့် ပြီးသယ် လာတယ်။ သယ်လာနေရင်း ရုတ်တရက် တခြား လူတစ်ယောက် က သူ့ ကို ဝင်တိုက် လိုက် လို့ အဲဒီ ခွက် လွတ်ကျ သွားရင်။ ခွက်ထဲ က ဘာတွေ ဖိတ် ကျ ကုန် မယ် ထင် သလဲ" တဲ့
ကျွန်တော် က
ကော်ဖီ သယ် လာ မှ တော့ ကော်ဖီ ပဲ ဖိတ် ကျမှာ ပေါ့ လို့ ပြန်ဖြေ တော့ သူ က ကြည်ကြည်စင်စင် ပြုံးတယ်။
ဒါပေါ့ ကော်ဖီပဲ ဖိတ်ကျ မှာ ပေါ့။ ကော်ဖီတွေ ထည့်လာ ခဲ့တာ ကိုး တဲ့။
ဆက် ပြောမယ်ထင် လို့ စကား ဆက် ကို စောင့်နေပေမယ့် ဘာမှ ဆက် မပြော ဘူး။
အဲဒါနဲ့ ဘာပြောချင် လို့တုန်း ဆို တော့
စဉ်းစား ကြည့်တဲ့။ ကော်ဖီ သယ်လာတဲ့ ခွက်မို့ ထိခိုက်မိတဲ့ အခါ ကော်ဖီတွေ ဖိတ် ကုန်တာ။ ရေသယ် လာရင် ရေ ဖိတ် ကုန် မယ်။ ဘာမှ မသယ် လာရင် ဘာမှ မဖိတ် ဘူး။
အဲလို ပဲ လူတစ်ယောက် ဟာ သူ့ စိတ်ထဲ မှာ ဘာထည့်ထား လဲဆို တာ သိပ် အရေး ကြီးတယ်။နားလည်မှု၊ အကောင်း မြင်စိတ် ထည့်ထားတဲ့ သူ က ပြသနာ တခုခု နဲ့ ကြုံ ရင် တဖက် လူ ကို နားလည်ပေးမှာ ပဲ။ အကောင်း မြင် ပေးမှာပဲ။ အဲလို ပဲ ဒေါသ အာဃာတ နဲ့ မကောင်း မြင် စိတ် ထည့်ထား တဲ့သူ က ပြသနာ တက် လာ ရင် အဲဒီ ဒေါသ အာဃာတ တွေ မကောင်း မြင် စိတ် တွေ ထွက် လာမှာ ပဲ။
ကိုယ့်စိတ်ထဲ ဘာထည့်ထားတာ လဲ ကိုယ်ပဲ သိတယ်။ ကိုယ်ပဲ သိတာ မို့ ကိုယ် စိတ် ငြိမ်းချမ်း အောင် ကောင်းတဲ့စိတ် လေး ထည့်ထား သင့်တယ် တဲ့
ရင်ထဲလင်းသွားတယ်
Credit myo mya swe tun
#ဆိုက်​ကို​ဒေါက်​တာ
စောင့်​ဆိုင်းခြင်းအနုပညာ
တစ်ခါတုန်းက
ပညာရှိ အဖိုးအိုတစ်ဦးနဲ့ သူ့တပည့်တွေဟာ ခရီးတစ်ခုကို အတူတူထွက်လာခဲ့ကြသတဲ့ ။ လမ်းခရီးတစ်ဝက် တောနက်ထဲရောက်တဲ့အခါ သူတို့အားလုံး ခဏနားကြတယ် ။
သောက်စရာ ရေလည်းကုန်နေပြီဖြစ်တဲ့အတွက် မလှမ်းမကမ်းမှာ ရှိတဲ့ ရေအိုင်ထဲကနေ ရေသွားခပ်ဖို့ အဖိုးအိုက စေညွှန်လိုက်တယ် ။ ဒီတော့ တပည့်တွေလည်း ရေကန်ရှိရာကိုသွားကြတာပေါ့ ။
အဲဒီအခါမှာ ရေကန်မှာ မကြာသေးခင်ကမှ
သမင် ဒရယ်တွေ ရေသောက်ဆင်းလာကြတဲ့အတွက် ရေတွေနောက်ပြီး အနည်တွေ ထနေတာတွေ့လိုက်ရတယ် ။
ဒီတော့ တပည့်တွေလည်း စိတ်ပျက်လက်ပျက်နဲ့ အဖိုးအိုဆီ ပြန်လာခဲ့ကြတယ် ။
အဖိုးအိုကလည်း ဘာမှမပြောပဲ ဒီအတိုင်းပဲ
တိတ်တိတ် ဆိတ်ဆိတ်နေတယ် ။
နောက် တစ်နာရီလောက်ကြာတဲ့အခါ
တပည့်တွေကို ရေသွားခပ်ခိုင်းပြန်သတဲ့ ။ ဒီတစ်ခါတော့ ရေကန်ဟာ အနည်တွေထိုင်ပြီး အပေါ်ကရေတွေ ကြည်လင်နေတာကိုတွေ့လိုက်ရတယ် ။
ဝမ်းသာအားရနဲ့ တပည့်တွေအားလုံးရေခပ်ပြီး ပြီးပြန်လာကြတာပေါ့ ။ ဒီတော့အဖိုးအိုက မေးတယ် ။
“ ရေတွေ အားလုံး ကြည်လင်သွားအောင် ဘာ လုပ်လိုက်ကြသလဲ ”
“ ဘာမှမလုပ်ပါဘူး ”
တပည့်တွေအားလုံး ၀ိုင်းဖြေကြတယ် ။
အဲဒီထဲကမှ တပည့်တစ်ယောက်ကတော့ ။
“ အချိန်စောင့်လိုက်ရပါတယ် ” လို့ ဖြေသတဲ့ ။
အဖိုးအိုကပြုံးပြီး ပြောတယ် ။
“ ဟုတ်တယ်' ရေကန်ထဲကရေတွေ အားလုံးကြည်လင်ဖို့ ဘာမှမလုပ်ပဲ အချိန်တစ်ခုကို စောင့်ရပါတယ်"
အဲဒီလိုပဲတစ်စုံတစ်ယောက်က
သင်တို့ကို ဒေါသထွက်အောင် နာကျင်အောင်ပြုလုပ်လို့ သင်တို့ စိတ်တွေနောက်ကျိနေပြီဆိုရင် ..
ဘာမှမလုပ်ပဲ ဒီအတိုင်းပဲထားလိုက်ပါ ။ အချိန်ကာလတစ်ခု လွန်မြောက်ပြီးတဲ့အခါ ဒေါသတွေ အမုန်းတရားတွေမရှိတော့ပဲ စိတ်ဟာ ပြန်လည်ကြည်လင်လာပါလိမ့်မယ် ”
Ashin Marnita
Credit ; မေတ္တာများဖြင့် ကာယဝါစီ အရှင်မာနိတ
Friday, February 15, 2019
ကျွန်ုပ်​တို့နှင့်​သစ်​ပင်​ချစ်​​သူတို့ရွာက​လေး
ကျွန်ုပ်​တို့နှင့်​သစ်​ပင်​ချစ်​သူတို့ရွာ​က​လေး
ကျွန်​​တော်​တို့ သစ်​​စေ့မျိုး​စေ့​တွေရှာ​ဖွေစု​ဆောင်းပြီးသကာလ သစ်​ပင်​ပျိုးဖို့​မြေ​နေရာရှာ​ဖွေရင်း သစ်​ပင်​ချစ်​တတ်​တဲ့မိတ်​​ဆွေကြီးနဲ့ အဆက်​အသွယ်​ရခဲ့၏၊ပျိုး​ထောင်​ရန်​​ကိစ္စအားလုံးကို မိတ်​​ဆွေကြီးကတာဝန်​ယူ​ဆောင်​ရွက်​​ပေးပါ၏၊
မိတ်​​ဆွေကြီးက အားတက်​သ​ရော ကူညီ​ပေးရှာပါတယ်​၊
ရပ်​ကွက်​ထဲက ရင်းနှီးသူ​တွေက သူ့ကို​မေးတယ်​၊ဘာလုပ်​ဖို့လဲ​ပေါ့၊
ပရဟိတအ​နေနဲ့ သစ်​ပင်​​တွေ စိုက်​လိုတဲ့​နေရာကိုလှူဖို့ဆို​တော့ သစ်​​တောကနှစ်​စဉ်​ပျိုးပြီး​ဝေ​ပေး​နေတာဘဲ၊
မင်းတို့က
ကြောင်​မ ​ရေချိုး​နေတာလို့ သြဘာ​ပေးသွားကြ၏၊
ရှားပါးမျိုး​စေ့များဖြစ်​​သော
ပျဉ်းမဖြူနှင့်​​ရွှေခရာပင်​မျိုး​စေ့တို့ကို အဓိကပျိုး​ထောင်​ခြင်းဖြစ်​​သော်​လည်း ​ရေ​ပေးစနစ်​အားနည်းသဖြင့်​ပျိုးထုပ်​အချို့က ပျိုးသည့်​အ​စေ့ကမ​ပေါက်​ဘဲ ဘင်္ဂပင်​စသည့်​အ​လေ့ကျပင်​​တွေဝင်​​ပေါက်​​နေ၏၊အချို​သောပျိုးထုပ်​များက ပုရွက်​ဆိတ်​တို့စခန်းချရာဖြစ်​၏၊ပျဉ်းမဖြူပင်​တို့အရိပ်​အ​ရောင်​မျှမ​တွေ့ရ​ချေ၊
ထို့​ကြောင့်​ စိန်​ပန်းမျိုး​စေ့များ အ​ရေး​ပေါ်ရှာ​ဖွေပြီး ထည့်​​ပေးရ​တော့၏၊
စိန်​ပန်းပျိုးပင်​​တွေ အညွန့်​သန်​သန်​မာမာနုနုပျိုပျို​တွေ ထွက်​လာ​တော့ အနီးနားက အဖွားအိုတ​ယောက်​က
”ဟယ်​ ငါ့တူကြီး ​ဆူးပုတ်​​တွေပျိုးထားပါလား၊အညွန့်​​တွေသန်​မှသန်​ တခါ​ကျော်​စာ ခူးသွားအုံးမှ ဆိုပြီး အညွန့်​​တွေချိုးပါ​လေ​ရော၊
”ဟာ..အ​ဒေါ် ဘာလို့စိန်​ပန်းညွန့်​​တွေ ခူးတာလဲဆို​တော့
”​ဟေ...ငါက ဆူးပုတ်​မှတ်​လို့ခူး​နေတာ၊ဆူးမပါပါလား ​တော့​တွေးမိပါရဲ့”ဆိုပြီး အညွန့်​​တွေ ​မြောင်းထဲလွှင့်​ပစ်​ပြီး ပြန်​ထွက်​သွား​လေ၏၊
ဒီလိုနဲ့ မိုးဦးကျသစ်​ပင်​စိုက်​ရာသီမှာ ပျဉ်းမဖြူမျိုး​စေ့ရှာ​ဖွေ​ပေးသူများ
ပျဉ်းမဖြူပျိုးထုပ်​ယူရန်​ ​ရောက်​ရှိလာကြ၏၊ပျဉ်းမဖြူပင်​ကားမရှိ၊
ကျန်​သော ပျိုးပင်​များကို မိတ်​​ဆွေကြီးတို့ရပ်​ကွက်​နှင့်​မြို့မှ စိုက်​လိုသူများအတွက်​ထားခဲ့၏၊
မိတ်​​ဆွေကြီးက တွန်းလှည်း​လေး​ပေါ်ပျိုးပင်​​တွေတင်​ပြီး ရပ်​ကွက်​ထဲ​ဝေရန်​လှည့်​​တော့၏၊အများစုက ​နေရာမရှိလို့ဟုဆိုပြီးပျိုးပင်​မယူကြ၊အချို့က နင့်​အပင်​​တွေ ဘာလုပ်​ဖို့လဲဟုဆို၏၊ အချို့က
လာမ​ပေးနဲ့ ​မြောင်းထဲလွှင့်​ပစ်​မယ်​လို့ဆို၏၊သစ်​ပင်​​တွေကြီးရင်​ သစ်​ကိုင်းကျိုးကျမှာ​ကြောက်​၏၊သစ်​ရိပ်​​ကြောင့်​ ​မှောင်​မှာစိုး၏၊ဓာတ်​ကြိုးနဲ့မလွတ်​မှာစိုး၏၊လမ်းနဲ့မလွတ်​မှာစိုး၏၊ပိုက်​ဆံရ​သောအလုပ်​မဟုတ်​၍စိတ်​မဝင်​စားကြ​ပေ၊ဒီလို​နေရာ​တွေဘယ်​​လောက်​များမယ်​မသိ၊
နွေတရာသီလုံးပြုစုပျိုး​ထောင်​ခဲ့သည့်​ပျိုးပင်​တို့ အချီးနှီးဖြစ်​ရ​တော့၏၊
ကမ္ဘာ့ရာသီဥတု​ပြောင်းလဲလာပြီး
အချို့နိုင်​ငံ​တွေ မိုး​ခေါင်​ခြင်း၊​ရေကြီးခြင်း၊မုန်​တိုင်း၊ငလျှင်​၊အငတ်​​ဘေးစသည်​များကြုံ​တွေ့နေကြ​တော့ ဒို့မြန်​မာက ဗုဒ္ဓဘာသာနိုင်​ငံဖြစ်​တယ်​၊ဘုန်းတန်​ခိုးရှိသူ​တွေ​ရှိတယ်​၊ဒီလိုကပ်​ဆိုးမျိုး ဘယ်​​တော့မှ မကြုံ​တွေ့နှိုင်​ဘူးဟု ဆိုခဲ့ကြ၏၊
အခု​တော့ မြန်​မာလဲ ရာသီဥတု​ပြောင်းပြီး မိုး​ခေါင်​​ရေကြီး​တွေဖြစ်​ပြီ၊​သုံးရာသီ ပီပြင်​မှုမရှိ​တော့​ချေ၊
ဥတုရာသီ ​တောကိုမှီ၏ ​ဆောင်​ပုဒ်​နဲ့အညီ သစ်​ပင်​သစ်​​တော​တွေရှိဖို့လိုပြီ၊ထိန်းသိမ်းဖို့လိုပြီ၊
မြို့ရွာ​တွေမှာ လူဦး​ရေထူထပ်​လာလို့ အသက်​ရှူဖို့​အောက်​စီဂျင်​သန့်​သန့်​လိုတယ်​၊သစ်​ပင်​ကြီး​တွေစိုက်​ရင်​ အန္တရာယ်​ရှိတာမှန်ပါ​တယ်​၊သင့်​​တော်​မယ့်​အပင်​​တွေ မြို့ထဲရွာထဲမှာစနစ်​တကျ စိုက်​ဖို့အတွက်​ သစ်​​တောပျိုးဥယျာဉ်​လူထုဖြန့်​​လောက်​၊ပရဟိတသစ်​ပင်​စိုက်​သူများ​လောက်​၊အထိမ်းအမှတ်​သစ်​ပင်​စိုက်​ပွဲများ​လောက်​မျှဖြင့်​မဖြစ်​နှိုင်​ပါ၊နိုင်​ငံ​တော်​ကစနစ်​တကျစီမံကိန်းဖြင့်​ဦး​ဆောင်​သင့်​ပြီ၊
တောထဲ​တောင်​ထဲ ​မြေလွတ်​​မြေရိုင်း​တွေမှာ
ကုမ္ပဏီ​တွေ ​နေရာဦးထားခြင်းမျိုးမဟုတ်​ဘဲ တကယ်​စိုက်​ပျိုးကြသူ​တွေရှိ​နေဖို့လိုပြီ၊
နိုင်​ငံ​တော်​က ​မြေလွတ်​​မြေရိုင်းများ မည်​သူမဆို ​လျှောက်​ထားခွင့်​​ပေး​သော်​လည်း လက်​​တွေ့လုပ်​ကိုင်​ရာမှာ ဥပ​ဒေအကာအကွယ်​​ပေးမှု နည်းပါးလွန်း​နေလို့ တကယ်​လုပ်​ကိုင်​ချင်​သူ​ ​တောင်​ဂတုံးကို​လျှောင်​ထုံးလိုသူတွေမဝံ့မရဲဖြစ်​ရတယ်​၊အခက်​အခဲဖြစ်​ရတယ်​၊
ပြောင်းလဲချိန်​တန်​​နေပြီဖြစ်​ပါတယ်​။