Thursday, August 29, 2019

စေတနာသည်​ ကံမည်​၏

မနေ့ ည က ကျွန်တော့် ရဲ့ အရင်း နှီး ဆုံး လူလဲ ဖြစ် Mentor လဲ ဖြစ် တဲ့ သူ နဲ့ Coffee Circle မှာ တွေ့တယ်။

စားရင်း နဲ့ သူ က ရုတ်တရက် ဘာ မေး လဲ ဆို တော့

"ဆိုပါစို့ လူ တစ်ယောက် ခွက်တစ်ခွက် ထဲ ကို ကော်ဖီ ထည့် ပြီးသယ် လာတယ်။ သယ်လာနေရင်း ရုတ်တရက် တခြား လူတစ်ယောက် က သူ့ ကို ဝင်တိုက် လိုက် လို့ အဲဒီ ခွက် လွတ်ကျ သွားရင်။ ခွက်ထဲ က ဘာတွေ ဖိတ် ကျ ကုန် မယ် ထင် သလဲ" တဲ့

ကျွန်တော် က

ကော်ဖီ သယ် လာ မှ တော့ ကော်ဖီ ပဲ ဖိတ် ကျမှာ ပေါ့ လို့ ပြန်ဖြေ တော့ သူ က ကြည်ကြည်စင်စင် ပြုံးတယ်။

ဒါပေါ့ ကော်ဖီပဲ ဖိတ်ကျ မှာ ပေါ့။ ကော်ဖီတွေ ထည့်လာ ခဲ့တာ ကိုး တဲ့။

ဆက် ပြောမယ်ထင် လို့ စကား ဆက် ကို စောင့်နေပေမယ့် ဘာမှ ဆက် မပြော ဘူး။

အဲဒါနဲ့ ဘာပြောချင် လို့တုန်း ဆို တော့

စဉ်းစား ကြည့်တဲ့။ ကော်ဖီ သယ်လာတဲ့ ခွက်မို့ ထိခိုက်မိတဲ့ အခါ ကော်ဖီတွေ ဖိတ် ကုန်တာ။ ရေသယ် လာရင် ရေ ဖိတ် ကုန် မယ်။ ဘာမှ မသယ် လာရင် ဘာမှ မဖိတ် ဘူး။

အဲလို ပဲ လူတစ်ယောက် ဟာ သူ့ စိတ်ထဲ မှာ ဘာထည့်ထား လဲဆို တာ သိပ် အရေး ကြီးတယ်။နားလည်မှု၊ အကောင်း မြင်စိတ် ထည့်ထားတဲ့ သူ က ပြသနာ တခုခု နဲ့ ကြုံ ရင် တဖက် လူ ကို နားလည်ပေးမှာ ပဲ။ အကောင်း မြင် ပေးမှာပဲ။ အဲလို ပဲ ဒေါသ အာဃာတ နဲ့ မကောင်း မြင် စိတ် ထည့်ထား တဲ့သူ က ပြသနာ တက် လာ ရင် အဲဒီ ဒေါသ အာဃာတ တွေ မကောင်း မြင် စိတ် တွေ ထွက် လာမှာ ပဲ။

ကိုယ့်စိတ်ထဲ ဘာထည့်ထားတာ လဲ ကိုယ်ပဲ သိတယ်။ ကိုယ်ပဲ သိတာ မို့ ကိုယ် စိတ် ငြိမ်းချမ်း အောင် ကောင်းတဲ့စိတ် လေး ထည့်ထား သင့်တယ် တဲ့
ရင်ထဲလင်းသွားတယ်

Credit myo mya swe tun
#ဆိုက်​ကို​ဒေါက်​တာ

No comments:

Post a Comment