Wednesday, February 13, 2019
ငါတို့မြို့မှာ
ငါတို့မြို့မှာ
လွတ်​လပ်​​ရေးအထိမ်းအမှတ်​ ​ကျောက်​တိုင်​ကြီးရှိတယ်​...
ငါတို့မြို့မှာ..
မြန်​မာပြည်​ရဲ့ဂုဏ်​ကျက်​သ​ရေ
တော်​လှန်​​ရေး ကဗျာရှည်​ကြီးတပုဒ်​လည်းဖြစ်​တဲ့
ဗိုလ်​ချုပ်​​အောင်​ဆန်း​ကြေးရုပ်
စစ်​ဦးထုပ်​နဲ့
လောင်းကုတ်​နဲ့၊
ပြည်​​ထောင်​စု​နေ့
အမျိုးသား​နေ့၊​တော်​လှန်​​ရေး​နေ့၊ဇူလိုင်​၁၉​နေ့၊​နေ့​တွေ ​နေ့​တွေ
ကျင်းပပြုလုပ်
ဗိုလ်​ချုပ်​​ကြေးရုပ်​ရဲ့​ရှေ့မှာ
သဝဏ်​လွှာ​တွေဖတ်​ အမှာစကား​တွေအထပ်​ထပ်​​ပြော
ပြီး​တော့လဲ
ပြီးသွားတာပါပဲ။
ငါတို့မြို့မှာ..
ခေါက်​ရိုးကျိုး​နေတဲ့နာရီလက်​တံ​တွေ
ပုံမှန်​အတိုင်းသွား...သွား
ကြွားကြွား ကြွားကြွား
သားသားနားနားနဲ့
ပဝါတလွှားလွှား
တိုက်​ပုံအကျီင်္တကားကား
များလည်းများပါ့။
ဗိုလ်​ချုပ်​​အောင်​ဆန်း​ကြေးရုပ်​​ရှေ့မှာ
လွတ်​လပ်​​ရေး​ကျောက်​တိုင်​ဝင်းအတွင်းမှာ
ရှေ့နားမှာ
ညီညီညာဖို့ သတိဆွဲလိုက်​ ဦးညွှတ်​လိုက်
ညာဖို့အတွက်​ ညီလိုက်​ကြ
ညီဖို့အတွက်​ ညာလိုက်​ကြ
ဘယ်​နှကြိမ်​ရှိခဲ့ကြ။
”စားဖား​တွေ ညီညွတ်​ကြတာမျိုး
မလိုချင်​ဘူး”တဲ့၊ ဗိုလ်​ချုပ်​က​ပြောတယ်​၊
”သူများ​ခြေတလှမ်းလှမ်းရင်
ကိုယ်​က ဆယ့်​​လေးငါးလှမ်း
လှမ်းကြ”လို့လမ်းပြတယ်​၊
”ဟိုလူလာ မျက်​နှာချို​သွေးရ
ဒီလူလာ မျက်​နှာချို​သွေးရနဲ့
ဖာသယ်​နိုင်​ငံဖြစ်​သွားမယ်​”လို့
ရှေးက ဗိုလ်​ချုပ်​​ပြောခဲ့တယ်​၊
အခု​တော့ အနှိပ်​ခန်း ဗရပွနဲ့
ကေတီဗွီနိုင်​ငံဖြစ်​​နေပါပြီ။
ငါတို့မြို့မှာ...
ဒီမှာအဓိဌာန်​​တွေပြု​နေဆဲ
ဟိုနားက ပူညံပူညံ
ကျောင်းသား​တွေရဲ့​တောင်းဆိုသံ
ဒီနားကဆူညံဆူညံ ရဟန်းရှင်​လူ
ပြည်​သူလူထုရဲ့မ​ကျေနပ်​သံ
ဘယ်​အရပ်​ကငတ်​သံ
နယ်​စပ်​က ​သေနတ်​သံ၊
တ​နေ့တ​နေ့
”​ဟေ့ ​ဟေ့၊​ရှေ့​ရှေ့က
အ​ကွေ့အရစ်​​ပေါင်းထပ်​တဲ့
ရ​သေ့ရှစ်​​သောင်းဇာတ်
ရပ်​...”လို့
ငါတို့မြို့က
ဗိုလ်​ချုပ်​​အောင်​ဆန်း​ကြေးရုပ်
လှုပ်​လှုပ်​ လှုပ်​လှုပ်​နဲ့
ပြော​နေသ​ယောင်​​ယောင်
ဟော​နေသ​ယောင်​​ယောင်
မော​နေသ​ယောင်​​ယောင်​။
No comments:
Post a Comment