Saturday, April 23, 2016

မျက်​​ဖြေအင်္လကာ-နန္တသူရိယအမတ်​ကြီး


သူတည်းတစ်ယောက်

ကောင်းဖို့ရောက်မူ၊

သူတစ်ယောက်မှာ၊

ပျက်လင့်ကာသာ၊

ဓမ္မတာတည်း။

-

ရွှေအိမ်နန်းနှင့်၊

ကြငှန်းလည်းခံ၊

မတ်ပေါင်းရံလျက်၊

ပျော်စံရိပ်ငြိမ်၊

စည်းစိမ်မကွာ၊

မင်းချမ်းသာကား၊

သမုဒ္ဒရာ၊

ရေမျက်နှာထက်၊

ခဏတက်သည့်၊

ရေပွက်ပမာ၊

တစ်သက်လျာတည်း။

-

ကြင်နာသနား၊

ငါ့အားမသတ်၊

ယခုလွှတ်လည်း၊

မလွတ်ကြမ္မာ၊

လူတကာတို့၊

ခန္ဓာခိုင်ကျည်၊

အတည် မမြဲ၊

ဖေါက်လွှဲတတ်သည်၊

မချွတ်စသာ၊

သတ္တ၀ါတည်း။

-

ရှစ်ခိုးကော်ရော်၊

ပူဇော်အကျွန်၊

ပန်းခဲ့တုံ၏၊

ခိုက်ကြုံ ၀ိပါတ်၊

သံသာစက်၌၊

ကြိုက်လတ်တုံမူ၊

တုံ့မယူလို၊

ကြည်ညိုစိတ်သန်၊

သခင်မှန်ကို၊

ချန်ဘိစင်စစ်၊

အပြစ်မဲ့ရေး၊

ခွင့်လျှင်ပေး၏၊

သွေးသည် အနိစ္စာ၊

ငါ့ခန္ဓာတည်း။

-

(အနန္တသူရိယ၊ မှန်းနန်းမဟာရာဇ၀င်တော်ကြီး၊ ပထမတွဲ)

-

တဆင့်ကူးယူတင်ပြတာဖြစ်လို့ စာမှားပါခဲ့ရင်ခွင့်လွှတ်ပါ ။ှု

No comments:

Post a Comment