Saturday, April 23, 2016

ဆီးအ​ရောင်​နှင့်​ကျန်းမာ​ရေး

ဆီးအရောင်ကပြောသော သင့်ကျန်းမာရေးအကြောင်း
(၁) ကြည်လင်သောအရောင်
ကြည်လင်သောဆီးရောင်ဟာ ခန္ဓာကိုယ်တွင်း ရေဓာတ်အလွန် များပြားနေပြီး ရေသောက်သုံးမှု လျှော့ချဖို့လိုအပ်နေတဲ့အနေအထားပဲဖြစ်ပါတယ်။ အများအားဖြင့် ဆီးချိုရောဂါစတင်ခြင်းအတွက် သတိပေးမှု တစ်ခုပဲလည်း ဖြစ်တတ်ပါတယ်။ ရေမကြာခဏငတ်ပြီး ဆီးမကြာခဏသွားခြင်းမျိုးဟာ ဆီးချိုရောဂါရဲ့လက္ခဏာတစ်ခုဖြစ်တာကြောင့် စစ်ဆေးကုသမှုခံယူသင့်ပါတယ်။
(၂) အ၀ါဖျော့ရောင်
ဆီးအ၀ါဖျော့ရောင်ဟာ ခန္ဓာကိုယ်တွင်း ရေဓာတ်အလုံအလောက် ရရှိနေပြီး ကျန်းမာရေး ပုံမှန်ကောင်းမွန်ခြင်းအခြေအနေတစ်ခုပဲဖြစ်ပါတယ်။
(၃) အ၀ါရင့်ရောင်
အချို့ဗီတာမင်ဘီဓာတ် မှီဝဲစားသုံးမှု ပိုလျှံများပြားနေတဲ့ အခါမှာ ဖြစ်လေ့ရှိပါတယ်။ အ၀ါရင့်ရောင်ဆီးဟာလည်း ပုံမှန်ကျန်းမာရေးအခြေအနေလို့ ပြောလို့ရပေမယ့် ခန္ဓာကိုယ်တွင်း ရေဓာတ်အနည်းငယ် ချွတ်ယွင်းနေပြီဆိုတဲ့ အခြေအနေတစ်ခုလို့လည်း ပြောလို့ရပါတယ်။ ဒီလိုအချိန်မျိုးဟာ ယခင်ကထက် ရေပိုမိုသောက်သုံးဖို့ လိုအပ်နေပြီလို့ စဉ်းစားဖို့ပါပဲ။
(၄) ပျားရည်ရောင်
ဗီတာမင်ဘီဓာတ် အများအပြားပါဝင်တဲ့ အစားအစာ (သို့) ဆေးဝါးများကို မှီဝဲစားသုံးနေသူ များရဲ့ ဆီးအရောင်ဟာ အလွန်ရင့်ပြီးအမှောင်ဘက်သန်းတဲ့ပျားရည်ရောင်ဖြစ်လေ့ရှိပါတယ်။ သို့သော်အခြားအကြောင်းအရင်းအနေနဲ့ ခန္ဓာကိုယ်တွင်း ရေဓာတ်ကုန်ဆုံး ခမ်းခြောက်နေပြီဆိုတဲ့ အခြေနေမျိုးပဲဖြစ်ပါတယ်။ သေချာတာတစ်ခုကတော့ ရေကို အလေ့အကျင့်နဲ့ ပုံမှန်သောက်သုံးဖို့ လိုအပ်နေပါပြီ။
(၅) လိမ္မော်ရောင်
အများအားဖြင့် နို့ချိုတိုက်ကျွှေးမှု ရုတ်တရက်ရပ်တန့်ထားခံရတဲ့ ကလေးငယ်များမှာ လိမ္မော်ရောင်ဆီးမျိုးကို တွေ့ရတတ်ပါတယ်။ သို့ပေမယ့် ဘီတာကာရိုတင်းဓာတ်ပါဝင်တဲ့ မုန်လာဥနီ၊ ကန်စွန်းဥ အလွန်အကျွံစားသုံးခြင်း၊ အချို့ဆေးဝါးများမှီဝဲခြင်း၊ စားသောက်ကုန်ဆိုးဆေးများ စားမိခြင်းကြောင့်လည်း ဆီးရောင်ဟာ လိမ္မော်ရောင်(သို့) ဖြစ်တတ်ပါတယ်။ ထိုကဲ့သိုမျိုးမဟုတ်ခဲ့ရင်တော့ သည်းခြေပြွန် (သို့) အသည်းရောဂါနဲ့ ပတ်သက်တဲ့ရောဂါမျိုးဖြစ်နိုင်ချေ ရှိနေပါတယ်။
(၆) ပန်းရောင် (သို့) အနီရောင်
ဆိုးဆေးပါဝင်တဲ့အစားအစာများကို စားမိခြင်းခြင်း၊ မုန်လာဥနီစတဲ့ အနီရောင်သမ်းတဲ့ အစားအစာများကို အလွန်အကျွံစားသုံးခြင်းကြောင့် ဆီးရောင်ဟာ ပန်းရောင် (သို့) အနီရောင် ဖြစ်တတ်ပါတယ်။ သို့ပေမယ့် သိသိသာသာအနီရောင်ဖြစ်နေမယ်ဆိုရင်တော့ ကျောက်ကပ်ရောဂါ၊ ဆီးလမ်းကြောင်းဆိုင်ရာရောဂါအတွက် စိုးရိမ်စရာလက္ခဏာတစ်ရပ်အဖြစ် သတိထားသင့်နေပါပြီ။
(၇) အပြာရောင် (သို့) အစိမ်းရောင်
အပြာရောင် (သို့) အစိမ်းရောင်ဆီးဟာ အလွန်ပဲ စိုးရိမ်စရာ အခြေအနေ တစ်ခုပဲဖြစ်ပြီး ဆီးလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ခြင်း၊ ဆီးလမ်းကြောင်းအတွင်း ဘက်တီးရီယားပိုးဝင်ရောက်ခြင်းရဲ့
ဖြစ်နိုင်ချေလက္ခဏာတစ်ခုပဲဖြစ်ပါတယ်။
(၈) မီးခိုးဖျော့ရောင်
မီးခိုးဖျော့ရောင်ဆီးဟာပရိုတင်းဓာတ်လွန်ကဲမှုကို ဖော်ပြပေးနေခြင်းပဲဖြစ်ပါတယ်။ အကယ်၍ သင့်အနေနဲ့ ပရိုတင်း (အသားဓာတ်) ကို အလွန်အကျွံစားသုံးခြင်းမရှိခဲ့ဘူးဆိုရင်တော့ ကျောက်ကပ် ရောဂါလက္ခဏာတစ်ခုအနေနဲ့ သတိထားသင့်နေပါပြီ။ ထို့နည်းတူစွာပဲ ဆီးလမ်းကြောင်းအတွင်းပိုးဝင် ခြင်း၊ လိင်အင်္ဂါအတွင်းဘက်တီးရီးယားပိုးဝင်ခြင်းဟာလည်း မီးခိုးဖျော့ရောင် (အမြှုပ်ထ) ဆီးမျိုးကို ဖြစ်စေပြီး အမျိုးသမီးများမှာအဖြစ်များဆုံးဖြစ်ပါတယ်။

မျက်​​ဖြေအင်္လကာ-နန္တသူရိယအမတ်​ကြီး


သူတည်းတစ်ယောက်

ကောင်းဖို့ရောက်မူ၊

သူတစ်ယောက်မှာ၊

ပျက်လင့်ကာသာ၊

ဓမ္မတာတည်း။

-

ရွှေအိမ်နန်းနှင့်၊

ကြငှန်းလည်းခံ၊

မတ်ပေါင်းရံလျက်၊

ပျော်စံရိပ်ငြိမ်၊

စည်းစိမ်မကွာ၊

မင်းချမ်းသာကား၊

သမုဒ္ဒရာ၊

ရေမျက်နှာထက်၊

ခဏတက်သည့်၊

ရေပွက်ပမာ၊

တစ်သက်လျာတည်း။

-

ကြင်နာသနား၊

ငါ့အားမသတ်၊

ယခုလွှတ်လည်း၊

မလွတ်ကြမ္မာ၊

လူတကာတို့၊

ခန္ဓာခိုင်ကျည်၊

အတည် မမြဲ၊

ဖေါက်လွှဲတတ်သည်၊

မချွတ်စသာ၊

သတ္တ၀ါတည်း။

-

ရှစ်ခိုးကော်ရော်၊

ပူဇော်အကျွန်၊

ပန်းခဲ့တုံ၏၊

ခိုက်ကြုံ ၀ိပါတ်၊

သံသာစက်၌၊

ကြိုက်လတ်တုံမူ၊

တုံ့မယူလို၊

ကြည်ညိုစိတ်သန်၊

သခင်မှန်ကို၊

ချန်ဘိစင်စစ်၊

အပြစ်မဲ့ရေး၊

ခွင့်လျှင်ပေး၏၊

သွေးသည် အနိစ္စာ၊

ငါ့ခန္ဓာတည်း။

-

(အနန္တသူရိယ၊ မှန်းနန်းမဟာရာဇ၀င်တော်ကြီး၊ ပထမတွဲ)

-

တဆင့်ကူးယူတင်ပြတာဖြစ်လို့ စာမှားပါခဲ့ရင်ခွင့်လွှတ်ပါ ။ှု