Monday, July 13, 2015

မှိုငါးပိပြုလုပ်​နည်း

သက်သတ်လွတ်စားသုံးသူပုဂ္ဂိုလ်များအတွက်မှိုငါးပိလုပ်နည်းတင်ပေးလိုက်ပါတယ်၊

မှိုပွင့်များကိုခွဲစိပ်ပြီးနေလှမ်းရပါမည်၊ခြောက်သွေ့ပါကအိုးတလုံးတွင်ထဲ့၍ (ဆားတဆ ရေ၂ဆ ရောထားသော)ဆားရည်ဖြင့်မှိုခြောက်များမြုတ်သည်ထိစိမ်ပေးရပါမည်၊
၁၄ ရက်ကြာပြီးနောက် မှိုပွင့်ဖတ်များကိုဆယ်ယူပြီး မွှေစက်တွင်ထဲ့၍မွှေလိုက်ပါကမှိုပွင့်များကြေသွားပြီး ကော်ကဲ့သို့ဖြစ်သွားပါမည်၊
ပိတ်ပါးတွင်ထည့်၍ တင်းကျပ်စွာထုပ်ပြီး အရည်များကိုထွက်စေရပါမည်၊
အရည်အားလုံးကုန်စင်ပါက အဖတ်များကို အဝကျယ်ပုလင်းတွင်ထည့်၍အဖုံးပိတ်၍ ထားသိုသုံးစွဲနှိုင်ပါသည်၊
စစ်ထုတ်လိုက်သောအရည်များကို မှိုငံပြာရည်အဖြစ် ဟင်းချက်ရာတွင်သုံးနှိုင်ပါသည်၊
သက်သတ်လွတ်စားသုံးသူများအတွက် သက်သတ်လွတ်မျှင်ငပိအဖြစ် သင့်သလိုစားသုံးနှိုင်ပါသည်။

*မောင်ဌေးအန့်။စောထိန်လင်း၊
စီးပွားဖြစ်မှိုစိုက်ပျိုးနည်းစာအုပ်မှ
ဖော်ပြချက်ဖြစ်ပါသည်။

သာသည့်​​မြေသို့

အလှထူးပါဘိ

မြဖူးပြာအငုံနဲ့

လွှာရုံမှာညှာစုံကျင်း​ရော့ထင့်

ဖြူ ၀င်း​ငွေမှုန်​လွှာတို့

သင်းပျံ့ခဲ့သူ့ခြံမှာ..။

ငါ့ခြံကြည့်​ပြန်​​တော

မချိပူ​ပွေဖြာခဲ့

မြေပြာမှာ​နေဇာမတင့်​နိုင်​ဘူ့

ကြည်​စရာ နီဝါ​တွေလည်း မပွင့်​​လေ​တော့

စိမ်းရင့်​​ရောင်​နွယ်​ခြုံပုတ်​​တွေက

ရှုပ်​​ထွေးကာလိမ်​​ခွေယှက်

အားပျက်​စရာ..။

သူ့စခန်း

သာဆန်းရဂုံသွင်​မို့

ငါလှမ်းကာခိုဝင်​လို့

ပြာ​ငွေစင်​ကြိုင်​ပျံ့ရှားပါတဲ့

ပွင့်​ငုံစင်​ပင်​​တွေကြားမှာလ

လျှောက်​သွားကာ​ပျော်​လိုလှပါဘိ

မြ​ရောင်​စိုသည်​မြက်​ခင်းရယ်​နဲ့

ညင်း​လေခိုသစ်​ညိုရိပ်​မှာဖြင့်

လျောင်းအိပ်​လို့တစ်​ကိုယ်​သာ

ရွှင်​ပါချင့်​စိတ်​ထဲ.....။

သို့ လည်း​လေ

မသင့်​​လျော်​​ပေဘူ့

ငါ့ခြံ ​မြေဥယျာဉ်​နန်းဟာလည်း

လှ​လေသည်​ သာစခန်း​ပေ​ပေါ့

စိတ်​ပန်းကို သည်​လို​ဖြေလို့

ကျက်​သ​ရေ တက်​​နေ၀င့်​​အောင်​လ

ငါ့ခြံ​မြေ အ​ခြေမြှင့်​ချင်​ငဲ့

သူ့​မြေမှာ ဖြူ ပြာပွင့်​ရင်​ဖြင့်

ငါ့​မြေမှာ နီဝါတင့်​ရမ​ပေါ့

အခွင့်​အခါ​မျှော်​လို့

ဥယျာဉ်​​တော်​သာ​ရေးကိုလ

ရှုမြင်​​မျှော်​ ခါခါ​တွေးပါလို့

မ​နှေးပင်​အားအင်​ထုတ်​လို့ရယ်

ပေါင်းနုတ်​ဖို့ခဲ။

Saturday, May 2, 2015

ကမ္ဘာမြေ

ကျွန်တော်တို့ရဲ့ ဘိုးဘေးများ က လတ်ဆတ်တဲ့၊ကျမ်းမာတဲ့၊မြေဆီသြဇာကြွယ်ဝတဲ့ ကမ္ဘာမြေကို ကျွန်တော်တို့အတွက် အမွေအဖြစ်ထားခဲ့တယ်။
  ကျွန်တော်တို့ရဲ့လက်ထဲရောက်လာတဲ့ကမ္ဘာမြေကို တိုးတက်လာတဲ့နည်းပညာများ အားကိုးနဲ့ ဆင်ခြင်တုံတရားနဲပါးစွာနဲ့ အသုံးပြုမိကြတယ်၊ကမ္ဘာမြေရဲ့ သယံဇာတတွေကို အလွန်အကျွံ ထုတ်ယူသုံးစွဲခဲ့ကြတယ်၊သစ်ပင်ဝါးပင်တွေကို ကိုယ်ကျိုးတွက်ခုတ်လှဲခဲ့ကြတယ်၊
   ယခု ကျွန်တော်တို့ရဲ့ကမ္ဘာမြေ ငြီးငြူနေပြီ၊
     ကျွန်တော်တို့ရဲ့ မျိုးဆက်တွေကို လက်ဆင့်ကမ်းအမွေပေးတဲ့အချိန်မှာ ကျမ်းမာတဲ့ကမ္ဘာမြေကိုဘဲ အမွေအဖြစ် ပေးခဲ့ချင်ကြမှာပါ၊
  ဒီလိုဆိုရင် ကမ္ဘာမြေ ကျမ်းမာလာအောင် ကျွန်တော်တို့ ဘယ်လိုကုစားကြမလဲ၊ဆေးမြီးတိုနဲ့တော့ မရဘူးနော်